မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်ပြီ ဖြစ်ကြောင်း ဒေသခံများ တောင်းဆို

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်ပြီ ဖြစ်ကြောင်း ဒေသခံများ တောင်းဆို
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့်အခမ်းအနားတွင် ဒေသခံများက မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသားဆုံးဖြတ်ပေးရန် တောင်းဆိုနေကြစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့်အခမ်းအနားတွင် ဒေသခံများက မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသားဆုံးဖြတ်ပေးရန် တောင်းဆိုနေကြစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
Published 2 October 2018
ထွန်းလင်းအောင် (မြစ်ကြီးနား)

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့် အခမ်းအနားတွင် လူထုအစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချသင့်ပြီ ဖြစ်ကြောင်း ဒေသခံများက အောက်တိုဘာ ၁ ရက်တွင် တောင်းဆိုခဲ့သည်။

ယင်းအခမ်းအနားကို မြစ်ဆုံ အပန်းဖြေစခန်း၊ တန်ဖဲကျေးရွာအဟောင်းရှိ ကချင်ရိုးရာ ယဉ်ကျေးမှုရုံးဝင်းအတွင်း “အချိန်တန်ပြီ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ စာရေးဆရာများ၊ ပညာရှင်များနှင့် ဒေသခံ နှစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့သည်။

 

Most Read

Most Recent