■ အေစီမီလန်အသင်းကို အောင်မြင်မှုများ ရရှိအောင် ကြိုးစားပေးသွားမည်ဟု နည်းပြသစ် ဖွန်ဆီကာ ပြောကြား

■ အေစီမီလန်အသင်းကို အောင်မြင်မှုများ ရရှိအောင် ကြိုးစားပေးသွားမည်ဟု နည်းပြသစ် ဖွန်ဆီကာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 14 June 2024

စီးရီးအေထိပ်သီး အေစီမီလန်အသင်းနည်းပြသစ် ဖွန်ဆီကာက ၎င်းအနေဖြင့် အသင်းကို အောင်မြင်မှုများ ရရှိအောင် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အေစီမီလန်အသင်းသည် လိုင်လီအသင်း၏နည်းပြဟောင်း ဖွန်ဆီကာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ကြာသပတေးနေ့တွင် အတည်ပြုကြေညာခဲ့သည်။ 

ပေါ်တူဂီနည်းပြ ပေါ်လိုဖွန်ဆီကာ(၅၁ နှစ်)သည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် လိုင်လီအသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ယခုအခါ အေစီမီလန်အသင်းနှင့် (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

"အေစီမီလန်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ အသင်းအတွက် အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်သွားမှာပါ"ဟု ဖွန်ဆီကာက ပြောကြားခဲ့သည်။

Most Read

Most Recent