ဂါဇာ ပြည်သူ အများအပြားသည် ငတ်မွတ်ခြင်းကဲ့သို့ အခြေအနေများကို ရင်ဆိုင်နေရသည်ဟုWHO ပြောကြား

ဂါဇာ ပြည်သူ အများအပြားသည် ငတ်မွတ်ခြင်းကဲ့သို့ အခြေအနေများကို ရင်ဆိုင်နေရသည်ဟုWHO ပြောကြား
Published 13 June 2024

ဂါဇာ၌ လူအများအပြားသည်ဆာလောင်ခြင်းနှင့် ငတ်မွတ်ခြင်းတို့လိုအခြေအနေများကို ရင်ဆိုင်နေရသည်ဟု ဇွန် ၁၂ ရက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပြော ကြားခဲ့သည်။

“ဂါဇာလူဦးရေရဲ့များပြားလှတဲ့အချိုး အစားဟာ ပြင်းထန်တဲ့ ဆာလောင်မှု၊ ငတ်မွတ်မှုတို့လို အခြေအနေတွေကို အခု ရင်ဆိုင်နေရပါတယ်”ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) အထွေထွေညွှန်ကြားရေးမှူး တက်ဒရိုအက်ဟာနွမ်ဂျီဘရီးဆက်စ်က ပြောကြားခဲ့သည်။

“စားနပ်ရိက္ခာ ပေးပို့တာတွေ ပိုမိုလုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း စားနပ်ရိက္ခာ အများဆုံးလိုအပ်နေတဲ့သူတွေ ဟာ စားနပ်ရိက္ခာဖူဖူလုံလုံရတာ၊ အရည်အ သွေးရှိရှိ စားနပ်ရိက္ခာတွေကိုရတာဆိုတဲ့ အထောက်အထားတွေ လောလောဆယ်မရှိ သေးပါဘူး”ဟု ၎င်းင်းက ပြောကြားခဲ့သည်။

အသက် ငါးနှစ်အောက်ကလေး ၈,၀၀၀  ကျော်ကို ရောဂါရှာဖွေမှုများ လုပ်ဆောင်ပေး ထားပြီး ပြင်းထန် အာဟာရချို့တဲ့မှုအတွက် ကုသပေးနေသည်ဟု ဆိုသည်။

ပြင်းထန်အာဟာရချို့တဲ့နေသော ကလေးများထဲက ကလေး ၁,၆၀၀ သည် အလွန်ပြင်းထန်သည့် အာဟာရချို့တဲ့မှုကို ခံစားနေရသည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။

မလုံခြုံခြင်း၊ သွားလာ၍မရဖြစ်နေခြင်းတို့ကြောင့် ဆိုးဆိုးရွား ရွား အာဟာရချို့တဲ့နေသူများကို ကုသပေး ရန် စင်တာနှစ်ခုကိုသာလျှင် လည်ပတ်နိုင် သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent