မဟာဗျူဟာမကျသည့် နျူကလီးယား စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို ရုရှားနှင့်ဘယ်လာရုစ်တို့ စတင်

မဟာဗျူဟာမကျသည့် နျူကလီးယား စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို ရုရှားနှင့်ဘယ်လာရုစ်တို့ စတင်
Photo: Russia Drill
Photo: Russia Drill
Published 11 June 2024

မဟာဗျူဟာမြောက်မဟုတ်သည့် နျူ ကလီးယားလက်နက်များဖြင့် စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို ရုရှားနှင့်ဘယ်လာ ရုစ်နိုင်ငံတို့ ပြုလုပ်နေပြီဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇွန် ၁၁ ရက်တွင် ထုတ်ပြန် သည်။ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲတွင် ရုရှားနှင့်ဘယ်လာရုစ်နိုင်ငံတို့၏ အချုပ်အခြာကို ကာကွယ်ရန်လိုအပ်လာသည့်အခါ နျူကလီးယားလက်နက်များကို အသင့်အသုံးပြုနိုင်အောင် စစ်ရေးလေ့ကျင့်နေခြင်းဖြစ်သည်ဟု ဆိုထားသည်။

အမေရိကန်နှင့်ဥရောပမဟာမိတ်နိုင်ငံများက ယူကရိန်းကို ဒေါ်လာဘီလျံချီတန်ဖိုးရှိ စစ်လက်နက်များထောက်ပံ့နေခြင်းဖြင့် ကမ္ဘာကို နျူကလီးယားအင်အား ကြီးနိုင်ငံများထိပ်တိုက်တွေ့မည့်အခြေအနေထဲသို့ တွန်းပို့နေသည်ဟု ရုရှားဘက်က ပြောသည်။

ရုရှားနိုင်ငံအပေါ် အနောက်အုပ်စု၏ ရန်စသည့်အပြောအဆို ၊ ခြိမ်းခြောက်မှုများ ထွက်လာအပြီး နျူကလီးယားစစ်ရေးလေ့ကျင့်မှုစရန် သမ္မတပူတင်က အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ပထမအဆင့်တွင် အစ္စ ကန်ဒါဒုံးကျည်များတပ်ဆင်ပုံကို လေ့ကျင့်ခဲ့ကြပြီး ရုရှားလေတပ်က အသံထက်မြန်သည့် ကင်ဇယ်ဟိုက်ပါဆောနစ်ဒုံးကျည်များတပ်ဆင်ပုံကို လေ့ကျင့်ကြရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကမူ ပူတင်က ယူကရိန်းစစ်ပွဲကို အနိုင်တိုက်ရန် ရုရှားကနျူကလီးယား လက်နက်မလိုဟု  ပြောခဲ့သည်။                  

Ref: Reuters

Most Read

Most Recent