အင်းစိန်မြို့နယ်တွင် အုတ်နံရံပြိုကျပြီး ကလေးငယ်တစ်ဦး သေဆုံး

အင်းစိန်မြို့နယ်တွင် အုတ်နံရံပြိုကျပြီး ကလေးငယ်တစ်ဦး သေဆုံး
Published 13 June 2024

အင်းစိန်မြို့နယ်တွင် အုတ်နံရံပြိုကျပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဇွန် ၁၂ ရက် ညနေ ၆ နာရီခန့်တွင် အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမကြီး ပေါက်တောရပ်ကွက် မြောင်းကြီးလမ်းတွင် အုတ်နံရံပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးက အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ်လောက်ပဲရှိသေးတယ်။ အသက်တော့ မမှီလိုက်ဘူး” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အုတ်နံရံပြိုကျစဉ်တွင် ကလေးငယ်မှာ အောက်တွင် ပိမိခဲ့ခြင်းဖြစ်ပြီး ကလေးငယ်၏ ရုပ်အလောင်းအား အင်းစိန်မြို့နယ် မြို့သစ် ကခအရန်မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းက ထုတ်ယူခဲ့ရပြီး ကလေးငယ်၏ ရုပ်အလောင်းအား အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ အရန်မီးသတ်တပ်ဖွဲ့၏ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

Most Read

Most Recent