မောင်တောမြို့ရှိ နေအိမ်တစ်အိမ်တွင် ကျပ် ၁ ဒသမ ၅ ဘီလျံခန့်တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၇၅၀၀၀၀ ဖမ်းဆီးရမိ

မောင်တောမြို့ရှိ နေအိမ်တစ်အိမ်တွင် ကျပ် ၁ ဒသမ ၅ ဘီလျံခန့်တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၇၅၀၀၀၀ ဖမ်းဆီးရမိ
Published 29 May 2024

ရခိုင်ပြည်နယ် မောင်တောမြို့တွင် နေအိမ်တစ်အိမ်အား ဝင်ရောက်ရှာဖွေရာ ကျပ် ၁ ဒသမ ၅ ဘီလျံခန့်တန်ဖိုးရှိ WY စာတန်းပါစိတ်ကြွဆေးပြား ၇၅၀၀၀၀ ဖမ်းဆီးရမိကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ဖော်ပြချက်အရ ရခိုင်ပြည်နယ် မောင်တောမြို့ ဝိမလရပ်ကွက် အိမ်အမှတ် (၂၀၈) နေ မြင့်နိုင်ထူး (ဘ) ဦးအောင်ကျော်ထွန်း၏ နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေ ၂၇ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ပလတ်စတစ်ပုံး (အနီရောင်) နှစ်ပုံးဖြင့် ထည့်ထားသည့် စက္ကူထုပ် ၇၇ တောင့်တွင် ကျပ် ၁ ဒသမ ၅ ဘီလျံခန့်တန်ဖိုးရှိ WY စာတန်းပါစိတ်ကြွဆေးပြား ၇၅၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ မြင့်နိုင်ထူး(ဘ)ဦးအောင်ကျော်ထွန်းအား တရားဥပေဒအရ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent