ကမာရွတ်မြို့နယ် ဦးထွန်းလင်းခြံလမ်းရှိ ဖုန်းရောင်းဝယ်ရေးဆိုင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွား

ကမာရွတ်မြို့နယ် ဦးထွန်းလင်းခြံလမ်းရှိ ဖုန်းရောင်းဝယ်ရေးဆိုင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွား
Photo - PAN
Photo - PAN
Published 21 August 2024

ကမာရွတ်မြို့နယ် အမှတ်(၁) ရပ်ကွက် ဦးထွန်းလင်းခြံလမ်းရှိ ဖုန်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင်တွင်  အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု သြဂုတ် ၁၉ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်မှုအရ သိရသည်။

အမှတ်(၁) ရပ်ကွက်နေ  ဦးအောင်သက်ထွေး(၃၁)နှစ်သည် တိုက်လှေကားခွင်တွင် ဖွင့်လှစ်ထားသည့် ၎င်းပိုင်ဆိုင်သည့်  “ဖိုးချစ်” ဖုန်းရောင်း/ဝယ်ရေးဆိုင်ရှေ့၌ ရှိနေစဉ် လမ်းလျှောက်လာသည့် စိစစ်ဆဲလူနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးအောင်သက်ထွေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Most Read

Most Recent