ဘဝကို ပြာပုံထဲမှ ပြန်လည်တည်ဆောက်ကြမည့် ကျဆုံးရုရှားစစ်သည်တို့၏ ဇနီးများ

ဘဝကို ပြာပုံထဲမှ ပြန်လည်တည်ဆောက်ကြမည့် ကျဆုံးရုရှားစစ်သည်တို့၏ ဇနီးများ
Published 2 June 2024

လူမီလာအမည်ရှိ အမျိုးသမီးသည် ရုရှားစစ်တပ်မှ အရာရှိတစ်ဦး ဖြစ်သည့် ၎င်း၏ခင်ပွန်းသည် ယူကရိန်းတွင် ၂၀၂၂ ခုနှစ်စက်တင်ဘာလ၌ သေဆုံးခဲ့ပြီးနောက် စိတ်ကျရောဂါခံစားခဲ့ရသည်။

ဝမ်းနည်းမှုကို ကျော်လွှားနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့်သူသည် အခြားစစ်တပ်အတွင်းရှိ ခင်ပွန်းသေ ဆုံးမှုကြောင့် ကျန်ရစ်သူဇနီးများကို ကူညီပေးရန်အတွက် စိတ်ကျန်းမာရေးထောက်ပံ့ပေးသည့်ဝန်ဆောင် မှုတစ်ခုကို ထူထောင်ခဲ့သည်။

“ဒါက ကြီးမားတဲ့ထိတ်လန့်မှုပါ။ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျွန်မနားမလည်နိုင်ပါဘူး။ကျွန်မအရမ်းဆိုးရွားတဲ့ ရုပ်ရှင်တစ်ကားထဲက မင်းသမီးလို ခံစားခဲ့ရပါတယ်”ဟု အသက် ၃၂ နှစ်အရွယ် လူမီလာက ၎င်း၏ခင်ပွန်း ကွယ်လွန်သည့်သတင်းကို ကြားသိပြီးနောက် ဖြစ်ပေါ်လာသည့် ခံစားချက်ကို ရည်ညွှန်း ပြောကြားခဲ့သည်။

လူမီလာအတွက် ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲသည့် ပထမနှစ်အတွင်း သေဆုံးခဲ့သော ၎င်း၏ ခင်ပွန်းကို တာဝန်ကျေသည့် အရာရှိတစ်ဦးအဖြစ် သူရဲကောင်း ဆန်ဆန် သေဆုံးခဲ့သည်ဟု ယူဆခဲ့သည်။

လူမီလာသည် အစောပိုင်းကာလတွင် နာကျင်မှုအတွက် စိတ်ရောဂါဆရာဝန်၏ အကူအညီကို ရယူခဲ့သည်။

“ပထမပိုင်းမှာတော့ လက်မခံနိုင်ဘူး။နောက်ပြီး ဒေါသတွေ ထွက်လာတယ်။ အတွင်းစိတ်ထဲကနာ ကျင်မှု ကြောင့် ပစ္စည်းတွေကိုကြမ်းပေါ် လွှင့်ပစ်နေပြီး အရာအားလုံးကို ရိုက်ခွဲပစ်နေတာမျိုးဖြစ်နိုင်ပါတယ်” ဟု ၎င်းကသည်။

“မိမိရဲ့အတွင်းစိတ်ထဲမှာ သေဆုံးနေပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ရုပ်ပိုင်းဆိုင်ရာ ရှင်သန်နေ သေးတယ်ဆိုတာ ခံစားသိရှိဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုအချိန်တွင် လူမီလာသည် အမေရိကန်ကုထုံး ဆရာဝန်ဂျီနီဗီဗီ ဒါဗစ်ဂျင်းဘာ့ဂျ်ရေးသားခဲ့သော “Window to Window ”စာအုပ်ကို တွေ့ရှိခဲ့ပြီး ပဋိပက္ခအတွင်း ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့သော အခြားအမျိုးသမီးများကို ကူညီပေးရန်ဆုံး ဖြတ်ခဲ့သည်။

သူသည် လေ့ကျင့်သင်ကြားထားသော စိတ်ပညာရှင်တစ်ဦးဖြစ်လာရန် သင်တန်းများတက်ရောက်ခဲ့ပြီး ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ခင်ပွန်းများဆုံးရှုံးခဲ့သည့် အမျိုးသမီးများကို အခမဲ့ စိတ်ကျန်းမာရေး အကူအညီပေးသည့် အဖွဲ့အစည်းတစ်ခု ထူထောင်ခဲ့ပြီး စိတ်ပညာရှင်များက စေတနာ့ဝန်ထမ်းအဖြစ်ပါ ဝင်ကူညီခဲ့ကြသည်။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးနဲ့ ဆွေးနွေးဖို့ ငွေကြေးတတ်နိုင်တဲ့ သူတွေတင်မကဘဲ လူတိုင်းကို အကူအညီပေးနိုင်ဖို့ ဖြစ်ပါတယ်”ဟု လူမီလာက ဆိုသည်။

၎င်း၏မစ်ရှင်သည် အမျိုးသမီးများကို ရှေ့ဆက်နိုင်ရန်နှင့် ဆက်လက်အသက်ရှင် နေထိုင်နိုင်ရန်အတွက် လမ်းပြပေးရန်ဖြစ်သည်ဟု လူမီလာက ဆိုသည်။

“ကျွန်မတို့တွေ မွေးဖွားလာပြီး တစ်နေ့တော့ သေဆုံးရမှာပါ။ဒါကတော့ ဆုံးရှုံးမှုကို လက်ခံနိုင်တဲ့အဓိ ကသော့ချက်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လူမီလာသည် ရုရှား၏ ထိုးစစ်ဆင်မှုသတင်းများကို စိတ်ဝင်စားခြင်းမရှိသော်လည်း ၎င်းခင်ပွန်း၏ သေဆုံးမှုသည် ပဋိပက္ခ အပေါ် ၎င်း၏သဘောထားအမြင်ကို ပြောင်းလဲခြင်းမရှိဟုဆိုသည်။

“ကျွန်မပထမဆုံးနဲ့နောက်ဆုံး ပြောလိုတာကတော့ ကျွန်မဟာကျွန်မခင်ပွန်းရဲ့ဇနီးဖြစ်ပြီး အရာရှိတစ် ယောက်ရဲ့ဇနီးလည်းဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းထူထောင်ထားသည့် ဝန်ဆောင်မှုအတွက် ၂၄ နာရီနှင့်တစ်ပတ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် လတ်တလောပင်ပန်းနွမ်းနယ်မှုကြောင့် ခေတ္တအနားယူလျက်ရှိသည်။

၎င်းထံဆက်သွယ်လာသူများမှ တစ်ဦးသည် အသက် ၃၁ နှစ်အရွယ် အဆိုသင်တန်းဆရာမ အန်နာဖြစ်ပြီး သူသည် ဇူလိုုင်လကုန်ပိုင်းက ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့သည်။

“ကျွန်မစိတ်ရောဂါပညာရှင် တစ်ဦးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အရမ်းခက်ခဲပြီး မခံမရပ်နိုင်အောင် ခံစားရလို့ပါ။မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဆီက အားပေးမှုတွေကလည်း မလုံလောက် ခဲ့ပါဘူး”ဟု ၎င်းက ဆိုသည်။

“ဆွေးနွေးတာတွေလုပ်နေတဲ့ ကာလထဲမှာ ကျွန်မတို့တွေ နာကျင်မှုတွေအားလုံးကို စမ်းစစ်ခဲ့ပြီးဒါက ကျွန်မကို စိတ်တည်ငြိမ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ကျွန်မဆက်ပြီး အသက်ရှင်နိုင်ဖို့ ခွန်အားကိုတွေ့ရှိခဲ့ပါတယ်”ဟု အန်နာကဆိုသည်။

အန်နာသည် အခြားခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးများအတွက် Telegram စာပို့ဝန်ဆောင်မှုရှိ သေးငယ်သော အုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။“ကျွန်မတို့တွေ အချင်းချင်းအားပေးပြီး နာကျင်မှုတွေကို မျှဝေကြပါတယ်။ ဘယ်သူကမှ ကိုယ်နဲ့ထပ်တူကြုံခဲ့ဖူးသူတွေလောက် နာကျင်မှုကိုပိုပြီး ကောင်းကောင်း မခံစားနိုင်ပါဘူး”ဟု၎င်းက ဆိုသည်။        

Ref:AFP

Most Read

Most Recent