အနာဂတ်အတွက် အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားရန် စမစ်ရိုး စီစဉ်နေ

အနာဂတ်အတွက် အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားရန် စမစ်ရိုး စီစဉ်နေ
Photo: X
Photo: X
Published 27 May 2024

အာဆင်နယ်အသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား စမစ်ရိုးသည် ၎င်း၏အနာဂတ်အတွက် အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်နေကြောင်း သိရသည်။

အင်္ဂလန်ကစားသမား စမစ်ရိုး(၂၃ နှစ်)သည် အာဆင်နယ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး အသင်း၏ အနာဂတ်ကြယ်ပွင့်ဖြစ်လာမည့်သူဟု ထင်ကြေးပေးခံခဲ့ရသူဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၃၄၆)မိနစ်သာ ကစားခွင့်ရခဲ့သည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် စမစ်ရိုးက ၎င်း၏ အနာဂတ်အတွက် ဆွေးနွေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read