■ နောက်ခံလူ တိုဒီဘိုအတွက် နိုက်စ်အသင်း ယူရိုသန်း(၄၀) အလိုရှိ

■ နောက်ခံလူ တိုဒီဘိုအတွက် နိုက်စ်အသင်း ယူရိုသန်း(၄၀) အလိုရှိ
Photo: Getty Images
Photo: Getty Images
Published 24 May 2024

နိုက်စ်အသင်းသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ အလိုရှိနေသော ပြင်သစ်နောက်ခံ လူ တိုဒီဘိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)အလိုရှိနေကြောင်း သိရသည်။ 

တိုဒီဘို(၂၄ နှစ်)ကို ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် မန်ယူနှင့် စပါးတို့အပြင် လာလီဂါမှ အက်သလက်တီကိုအသင်းနှင့် စီးရီးအေကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

တိုဒီဘိုသည် ဘာစီလိုနာအသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်း အနေဖြင့် ၎င်း၏ အနာဂတ်အပြောင်းအရွှေ့များတွင် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိအချိန်၌ ၎င်းအနေဖြင့် မန်ယူသို့ ရောက်ရှိရန် ရေပန်းစားနေသည်။

Most Read

Most Recent