ပိုလန်နယ်စပ်အနီး နီးကပ်စွာပျံသန်းခဲ့သည့် ရုရှား၏ ဒုံးကျည်များကိုပစ်ချရန် နေတိုးအဖွဲ့က စဉ်းစားခဲ့ကြောင်း ပိုလန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ပိုလန်နယ်စပ်အနီး နီးကပ်စွာပျံသန်းခဲ့သည့် ရုရှား၏ ဒုံးကျည်များကိုပစ်ချရန် နေတိုးအဖွဲ့က စဉ်းစားခဲ့ကြောင်း ပိုလန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
မတ် ၁၈ ရက်က ဂျော်ဂျီယာနိုင်ငံ တီဘလီစီမြို့တော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် စတိုတန်ဘာ့ချ်ကို တွေ့ရစဉ် (Photo:AFP)
မတ် ၁၈ ရက်က ဂျော်ဂျီယာနိုင်ငံ တီဘလီစီမြို့တော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် စတိုတန်ဘာ့ချ်ကို တွေ့ရစဉ် (Photo:AFP)
Published 27 March 2024

ပိုလန်၏နယ်စပ်အနီး အလွန်နီးကပ်စွာ ပျံသန်းခဲ့သည့် ရုရှားဒုံးကျည်များကို ပစ်ချရန် ဖြစ်နိုင်ခြေရှိမှုအခြေအနေကို နေတိုးအဖွဲ့က စဉ်းစားခဲ့ကြောင်း ပိုလန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ပိုလန်က ၎င်း၏လေပိုင်နက် ချိုးဖောက်ခံရကြောင်း ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ပိုလန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်စကား ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရုရှား၏ ခရုဇ်ဒုံးကျည်တစ်စင်းသည် ယူကရိန်းအနောက်ပိုင်းရှိ မြို့များကို ပစ်ခတ်ခဲ့ချိန်က ပိုလန်လေပိုင်နက်အတွင်းမှ ၃၉ စက္ကန့်ကြာ ဖြတ်ပျံသွားခဲ့ပြီး နယ်စပ်ဒေသအပေါ် နှစ်ကီလိုမီတာမှ ဖြတ်သန်းခဲ့ကြောင်း ပိုလန်က မတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ပိုလန်သည် လေကြောင်းကာကွယ်ရေး စနစ်များအားလုံးကို ဖွင့်ထားခဲ့ပြီး ထိုဒုံးကျည်သည် ပိုလန်နယ်နိမိတ်အတွင်းရှိ ပစ်မှတ်တစ်ခုခုကို ဦးတည်သည့် အရိပ်လက္ခဏာမျိုး တွေ့ခဲ့မည်ဆိုပါက ပစ်ချမည်ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

“အဲဒီဒုံးကျည်တွေဟာ နေတိုးရဲ့ နယ်စပ်အနီး အလွန်နီးကပ်တဲ့နေရာက ပျံသန်းနေချိန်မှာ ပစ်ချဖို့အပါအဝင် အဲဒီလိုဖြစ်စဉ်မျိုးတွေကို တုံ့ပြန်ဖို့ နေတိုးအဖွဲ့အတွင်း ရှုထောင့်အမျိုးမျိုးက လေ့လာဆန်းစစ်မှုတွေ လုပ် ဆောင်ခဲ့ပါတယ်ဟု ”မတ် ၂၆ ရက်တွင် ပိုလန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်ဒါ ဇက်ဂျ်စဇီဂျ်နာက ပြောကြားခဲ့သည်။

သို့သော် ထိုသို့လုပ်ဆောင်ရန် ယူကရိန်းဘက်က သဘောဆန္ဒလည်း လိုအပ်မည်ဖြစ်ပြီး နိုင်ငံတကာ၏ အကျိုးဆက်များကိုလည်း ထည့်သွင်းစဉ်စားနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလောစီကော်စကီးသည် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘာ့ချ်နှင့် ဆွေးနွေးခဲ့သည်ဟု ပိုလန်အစိုးရက ပြောကြားခဲ့သည်။

တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုအတွင်း စတိုတန်ဘာ့ချ်က နေတိုးအဖွဲ့သည် ထိုအခြေအနေကို အလွန်သတိထားပြီး စောင့်ကြည့်နေကာ ပိုလန်အပါအဝင် မဟာမိတ်အဖွဲ့၏ အရှေ့ပိုင်းစစ်နံအတွက် အနေအထားကို တိုးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု နေတိုးအရာရှိတစ်ဦးက မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာလကုန်ကလည်း အလားတူ ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ပြီး ထိုအချိန်က ရုရှားဒုံး ကျည်တစ်စင်းသည် ပိုလန်လေပိုင်နက်အတွင်း မိနစ်အနည်းငယ်ကြာ ဖြတ်ပျံခဲ့ပြီး ယူကရိန်းသို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလက ယူကရိန်း လေကြောင်းကာကွယ်ရေး ဒုံးကျည်တစ်စင်းသည် ယူကရိန်းနယ်စပ်အနီး ပိုလန်ကျေးရွာ တစ်ရွာပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူနှစ်ဦး သေဆုံးခဲ့သည်။

ထိုဒုံးကျည်သည် ယူကရိန်းကပစ်ခဲ့သည့် ဒုံးကျည်အဖြစ် ခွဲခြားသတ်မှတ်နိုင်ခြင်းမရှိ သေးမီအချိန်အတွင်း ထိုဖြစ်ရပ်သည် ရုရှား နှင့် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေကို မြင့်တက်စေနိုင်ကြောင်း နေတိုးအဖွဲ့အကြား စိုး ရိမ်မှုများမြင့်တက်ခဲ့ပြီး ပဋိပကဖြစ်လာခဲ့မည်ဆိုပါက စုပေါင်းကာကွယ်ရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

Ref:AFP

Most Read

Most Recent