■ နောက်ဆုံး အမှတ်ပေးပွဲ (၄)ပွဲတွင် (၂၁)ဂိုးအထိသွင်းယူခဲ့ပြီး (၁)ဂိုးသာ အသွင်းခံခဲ့ရသည့် စွမ်းဆောင်ရည်အပေါ် အာတီတာ ဂုဏ်ယူ     

■ နောက်ဆုံး အမှတ်ပေးပွဲ (၄)ပွဲတွင် (၂၁)ဂိုးအထိသွင်းယူခဲ့ပြီး (၁)ဂိုးသာ အသွင်းခံခဲ့ရသည့် စွမ်းဆောင်ရည်အပေါ် အာတီတာ ဂုဏ်ယူ     
Photo: Sky Sports
Photo: Sky Sports
Published 8 March 2024

အာဆင်နယ်အသင်း၏ နည်းပြ ဖြစ်သူ မီခေးလ်အာတီတာက နောက်ဆုံးကစားခဲ့သည့် အမှတ်ပေးပွဲစဉ် (၄)ပွဲတွင် (၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ ပြီး (၁)ဂိုးသာ အသွင်းခံခဲ့ရသည့် စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆိုခဲ့သည်။

    

အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲတွင် ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းတွင် (၆)ဂိုးပြတ်၊ ဘန်လေအသင်းကို အဝေးကွင်းတွင် (၅)ဂိုးပြတ်၊ နယူးကာဆယ်အသင်းကို အိမ်ကွင်းတွင် (၄-၁)ဂိုးနှင့် ရှက်ဖီးယူနိုက်တက်အသင်းကို အဝေးကွင်းတွင် (၆)ဂိုးပြတ်တို့ဖြင့် အသီးအသီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

ယင်းစွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး အာတီတာက "ဒါဟာ သိပ်ကိုထူးခြားတဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး ကျွန်တော်တို့အသင်းရဲ့ အရည်အသွေးကို သက်သေပြနိုင်ခဲ့ခြင်းလည်းဖြစ်တယ်။ ကျွန်တော်တို့အသင်း ဒီလောက်များတဲ့ ဂိုးအရေအတွက်တွေကို သွင်းယူနိုုင်ခဲ့ခြင်းမှာ အပြုသဘောဆောင်တဲ့ အချက်တွေကိုလည်း အများကြီးတွေ့ရတယ်။ ဒါ့အပြင် ခံစစ်ပိုင်း စွမ်းဆောင်ရည်မှတ်တမ်းကလည်း အရမ်းကောင်းမွန်ခဲ့ပါ တယ်။ ကျွန်တော်တိုု့အသင်းက ဂိမ်းတစ်ခုရဲ့ အဓိကအစိတ်အပိုင်းနှစ်ခုစလုံးမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး ဒါဟာ ကျွန်တော်တို့အသင်း အမြဲကြိုးစားနေတဲ့အရာလည်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent