မန်ချက်စတာဒါဘီ ခရီးကြမ်းအစ

မန်ချက်စတာဒါဘီ ခရီးကြမ်းအစ
Photos: AFP
Photos: AFP
Published 2 March 2024
Wai Yan Aung

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ အမှတ်လုနေရတဲ့ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အက်စတွန်ဗီလာ၊ စပါးတို့ နဲ့ အမှတ်လုနေရတဲ့ မန်ယူအသင်းတို့ ထိပ်တိုက်တွေ့တဲ့ မန်ချက်စတာဒါဘီက ပထမအကျော့တုန်းကထက် ပြိုင်ဆိုင်မှုပြင်းထန်နိုင်ပါတယ်။ အမှတ်ပေးပြိုင်ပွဲမှာ ပွဲတိုင်းက အရေးကြီးတယ်ဆိုပေမဲ့ ပန်းတိုင်နဲ့ ပိုနီးကပ်လာတဲ့ ဒုတိယအကျော့ကတော့ ပထမအကျော့ထက် ပိုအရေးကြီးပါတယ်။ မန်စီးတီးအသင်းက ချန်ပီယံပြေးလမ်းပေါ်မှာ အမှားနည်းအောင် လျှောက်လှမ်းနိုင်ဖို့ လိုအပ်နေသလို၊ မန်ယူအသင်းကလည်း အဆင့်(၄)နေရာရယူနိုင်ဖို့အတွက် အမှားမခံနိုင်တဲ့အခြေအနေရောက် ရှိနေပါပြီ။ အဆင့်(၄)နေရာက အက်စတွန်ဗီလာ အသင်းနဲ့ (၈)မှတ်အထိ ကွာဟသွားခဲ့တဲ့ မန်ယူအသင်းအတွက်တော့ မျှော်လင့်ချက်က သိပ်မလင်းလက်တော့ဘူးလို့တောင် ဆိုနိုင်ပါတယ်။ ဒါကြောင့် လက်ကျန်ပွဲ တစ်ဒါဇင်မှာ အားကုန်ထုတ်ရတော့မှာဖြစ်ပြီး ပွဲကျန်အနေအထားကိုကြည့်ရင်တော့ ဧပြီလက မန်ယူအသင်းအတွက် အခက်ခဲဆုံးအချိန်ကာလဖြစ်လာနိုင်ပါတယ်။

 

Most Read

Most Recent