■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 1 March 2024

အူန်ယွန်းဘာလင် - ဒေါ့မွန် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၀၀ နာရီ)

ချန်ပီယံလိဂ်ပွဲတွေ ဝင်လာချိန်မှာ ဒေါ့မွန်အသင်း ရလဒ်ပိုင်း အနည်းငယ်ယိုင်သွားတယ်။ ကစားသမားအင်အားတောင့်ပေမဲ့ အားကိုးရတဲ့ ပွဲထွက်လူစာရင်းကို မရှာဖွေနိုင်သေးတာက အသင်းရဲ့အဓိကအားနည်းချက်လို ဖြစ်နေတယ်။ ဒီလိုအခြေအနေမှာ အူန်ယွန်းဘာလင်က လတ်တလောအိမ်ကွင်းမှတ်တမ်းကောင်းတွေ ရှိထားလို့ ဒေါ့မွန်အဖို့ မလွယ်လောက်ပါဘူး။ အိမ်ရှင် အမှတ်ရလိမ့်မယ်။



မိန့်ဇ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၀၀ နာရီ)

မိန့်ဇ်အသင်း ခြေစွမ်းတက်လာသလို၊ မိုချန်ဂလာဘတ်ကလည်း နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရထားတယ်။ မိုချန်ဂလာဘတ် အမှတ်ရနိုင်တယ်။



ဘိုဟုမ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်းက ဘွန်ဒစ်လီဂါအဝေးကွင်း (၄)ပွဲ ဆက် နိုင်ပွဲပျောက်ထားသလို၊ ဒီပွဲပြီးရင်လည်း ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကစားရဦးမယ်။ ဘိုဟုမ် အမှတ်ရနိုင်တယ်။



ဟိုင်းဟိုင် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၀၀ နာရီ)

ဥရောပပွဲမရှိတော့တာက ဖရန့်ဖတ်အသင်း ဘွန်ဒစ်လီဂါဘက်ကို ပြန်ပြီး အာရုံစိုက်လာနိုင်တယ်။ ဖရန့်ဖတ် အမှတ်ရမှာ သေချာတယ်။



ဒမ်းစတက်ဒ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၀၀ နာရီ)

ဒမ်းစတက်ဒ်အသင်း အိမ်ကွင်း(၉)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး (၇)ပွဲအထိ အရေးနိမ့်ထားခဲ့တယ်။ အခုပွဲလည်း ဒမ်းစတက်ဒ် သရေထက် ပိုမရနိုင်ဘူး။



ဝုလ်ဖ်ဘတ် - စတုဂတ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၂:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်း (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပေမဲ့ (၆)ပွဲက သရေကျခဲ့တာဖြစ်တယ်။ ဒီပွဲလည်း ဝုလ်ဖ်ဘတ် အမှတ်ရဦးမယ်။

Most Read

Most Recent