ဆန်ချိုကို အညံ့ဖျင်းဆုံးကစားသမားဟု ဂျာမန်မီဒီယာများ တံဆိပ်ကပ်

ဆန်ချိုကို အညံ့ဖျင်းဆုံးကစားသမားဟု ဂျာမန်မီဒီယာများ တံဆိပ်ကပ်
Photo: Marca
Photo: Marca
Published 28 February 2024

 

ယခုတစ်ပတ် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဟော်ဖန်ဟင်မ်အသင်းကို ဒေ့ါမွန်အသင်း ရှုံးနိမ့်ခဲ့ပြီးနောက် ဂျာမန်မီဒီယာများက ဒေါ့မွန်ကစားသမား ဆန်ချိုကို ကွင်းအတွင်း အညံ့ဖျင်းဆုံးကစားသမားဟု တံဆိပ်ကပ်ခဲ့ကြောင်း သိရသည်။ 

အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုသည် မန်ယူအသင်းတွင် နည်းပြ တန်ဟက်ဂ်နှင့် ပြဿနာတက်ခဲ့သည့်အတွက် အသင်းဟောင်း ဒေါ့မွန်ထံ အငှားဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပွဲဦးထွက်တွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း လက်ရှိအချိန်၌ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်။ 

ဟော်ဖန်ဟင်မ်နှင့်ပွဲ၌ ကစားပုံဆိုးရွားခဲ့သည့်အတွက် ဂျာမန်မီဒီယာများက ဆန်ချိုအား အည့ံဖျင်းဆုံးကစားသမားဟု တံဆိပ်ကပ်ခဲ့ခြင်းဖြစ်သည်။ 

ဆန်ချိုသည် ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၆ ပွဲသာ ကစားခွင့်ရထားသေးသူဖြစ်သည်။

Most Read

Most Recent