စီးရီးအေပွဲစဉ် (၂၁)ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၁)ပွဲကြိုသုံးသပ်ချက်
Photo :Getty Images
Photo :Getty Images
Published 27 February 2024

အင်တာမီလန် နှင့် အတ္တလန်တာ

အတ္တလန်တာအသင်းက မီလန်နှစ်သင်းနဲ့ အဝေးကွင်းပွဲတွေ ဆက်တိုက်ကစားရတာဖြစ်တယ်။ ဒီနှစ်ပွဲကလည်း အတ္တလန်တာအသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အစမ်းသပ်ခံပွဲတွေလို ဖြစ်နေတယ်။ ခြေစွမ်းအရတော့ အတ္တလန်တာအသင်းက အင်တာမီလန်ပြီးရင် အတည်ငြိမ်ဆုံးအနေအထားလို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ အတ္တလန်တာအနေနဲ့ ဒီပွဲပြီးရင်လည်း ဘိုလော့ဂ်နာ၊ ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနား၊ နာပိုလီအသင်းတွေနဲ့ ဆက်တိုက်ကစားရဖို့ ရှိတဲ့အပြင် ကြားရက်တွေမှာလည်း စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ်နွှဲရဦးမှာဖြစ်လို့ သိပ်မချောင်ပါဘူး။ အင်တာမီလန်ကတော့ ဒဏ်ရာရနေတဲ့ မားကပ်စ်သူရမ်နေရာမှာ အာနော်တိုဗစ်၊ အလက်ဆစ်ဆန်းချက်ဇ်တို့ရှိပေမဲ့ အထိုင်ကျပြီးသား အတွဲအဖက်ကို ချက်ချင်းအစားထိုးနိုင်ဖို့ မလွယ်ပါဘူး။ အိမ်ကွင်းမှာတော့ အင်တာမီလန် အနိုင်ကစားလိမ့်မယ်ထင်တယ်။

ဆာဆူအိုလို နှင့် နာပိုလီ

နည်းပြသစ် ကယ်လ်ဇိုနာလက်ထက် နာပိုလီအသင်းရဲ့ အပြောင်းအလဲကို ဆက်လက်စောင့်ကြည့်ရဦးမယ့်ပွဲပါပဲ။ အိုဆင်မန် ပြန်ပါလာတဲ့ နာပိုလီတိုက်စစ်ကတော့ လုပ်ရည်ကိုင်ရည် ပိုကောင်းလာလိမ့်မယ်။ စီးရီးအေလက်ရှိချန်ပီယံ အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အလှမ်းဝေးနေပေမဲ့ ဂုဏ်သိက္ခာအရတော့ ဥရောပဝင်ခွင့်တစ်နေရာ အရ ယူရမှာပါ။ ဆာဆူအိုလိုအသင်းက ဒီရာသီမှာ ကျဆင်းသွားတာက မယုံနိုင်လောက်စရာဖြစ်ပြီး တန်းဆင်းဇုန်အန္တရာယ်စက်ဝန်းထဲ ရောက်နေပါပြီ။ အမှတ်ပိုလိုနေတဲ့ ဆာဆူအိုလိုနဲ့ စွန့် စားချင်တယ်။

Most Read

Most Recent