ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်း သုဝဏ္ဏဘုမ္မိ‌ လေဆိပ်၏ လုပ်ငန်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းများ စိတ်ပျက်စရာကောင်းနေကြောင်း တွေ့ရှိ

ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်း သုဝဏ္ဏဘုမ္မိ‌ လေဆိပ်၏ လုပ်ငန်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းများ စိတ်ပျက်စရာကောင်းနေကြောင်း တွေ့ရှိ
Published 26 February 2024

ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် သုဝဏ္ဏဘုမ္မိလေဆိပ်၏ လုပ်ငန်းများကို ကြိုတင်ကြေညာခြင်းမရှိဘဲ စစ်ဆေးခဲ့ရာ ခရီးသည်များ ဆိုက်ရောက် ထွက်ခွာ လုပ်ငန်းစဉ်များသည် စိတ်ပျက်စရာ ကောင်းနေဆဲဆိုသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

ဆရတ်သာသည် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် ပထမဆုံး ရှောင်တခင် စစ်ဆေးမှုကို လုပ်ဆောင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက်ညနေပိုင်းတွင် သုဝဏ္ဏဘုမ္မိလေဆိပ်ကို နောက်တစ်ကြိမ် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းတွင် လူမှုမီဒီယာ X ရှိ ၎င်း၏အကောင့်တွင် ဖော်ပြခဲ့သည်။

'ကျွန်တော်ဟာ မနက်ပိုင်းမှာ အလားတူ စစ်ဆေးခဲ့ပြီးနောက် လေဆိပ်ကို ကြိုတင် အကြောင်းမကြားဘဲ သုဝဏ္ဏဘုမ္မိလေဆိပ်က ဝန်ဆောင်မှု စနစ်တွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်ဟာညနေပိုင်းမှာ သွားရောက် စစ်ဆေးခဲ့တာပါ။ ခရီးသည်တွေအများကြီးပါပဲ"ဟု ဆရတ်သာက လူမှုမီဒီယာ  X တွင် ပို့စ်တင်ခဲ့သည်။

ဆိုက်ရောက်နှင့်ထွက်ခွာ လုပ်ထုံးလုပ်နည်းများသည် ကြာလွန်းသည်ဟု ဝန်ကြီးချုပ်က ဖော်ပြခဲ့သည်။

"ကျွန်တော်ဟာ ခရီးသည်တစ်‌ယောက် ကားပေါ်ကဆင်း၊ အစစ်ဆေးခံပြီး ‌လေယာဉ်ပေါ်မတက်မီ လေဆိပ်ထဲရောက်ဖို့လုံခြုံရေးစနစ်ကို ဖြတ်သန်းတာတွေ လုပ်တာ အချိန် ဘယ်လောက်ကြာသလဲဆိုတာ စစ်ဆေးခဲ့ပါတယ်"ဟုရေးသားထားသည်။

"ဆိုက်ရောက်ခရီးသည်တွေဟာ လေယာဉ်ပေါ်ကဆင်း၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာတွေဆီလာတာကို ကျွန်တော် အချိန်တွက်ခဲ့ပါတယ်။လုပ်ထုံးလုပ်နည်း အားလုံးကို အသေးစိတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီလုပ်ထုံး လုပ်နည်းတွေဟာ အချိန် ကြာလွန်းနေတာကို တွေ့ခဲ့ပါတယ်"ဟု ဆရတ်သာက ဖော်ပြခဲ့သည်။

အချိန်ကြာမြင့်ချိန် နည်းသွားအောင် ဆောင်ရွက်ရန် ကြီးကြပ်သူများကို ပြောကြားခဲ့သည်ဟုဆိုသည်။

" အဖြေကတော့ ဆောင်ရွက်ချိန်ဟာ မရေမရာဖြစ်နေတာဖြစ်ပါတယ်။ အဲဒီကိစ္စတိုးတက်လာစေဖို့ အရေးတကြီးဆောင်ရွက်ရမှာဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်ကဖြည့်စွက် ဖော်ပြခဲ့သည်။

Ref:The Nation

Most Read

Most Recent