နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူးတွင် နေထိုင်သူများပါ အွန်လိုင်းမှ လျှောက်ထားနိုင်ပြီး ဘိုကင်ရပြီးသူများ လဝက၏ UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူးတွင် နေထိုင်သူများပါ အွန်လိုင်းမှ လျှောက်ထားနိုင်ပြီး ဘိုကင်ရပြီးသူများ လဝက၏ UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်
Published 26 February 2024

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူးတွင် နေထိုင်သူများပါအွန်လိုင်းမှလျှောက်ထားနိုင်ပြီး ဘိုကင်ရပြီးသူများ လဝက၏ UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

ထိုသို့ လျှောက်ထားမှုကို ဖေဖော်ဝါရီ ၂၆ ရက်အတွက်က စ၍ လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများမဟုတ်ပါကဘိုကင်ရသော်လည်း နိုင်ငံကူးလက်မှတ်ကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်းသိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့်  ၂၇၀၀ ဦး နှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်လက်၍ ဖေဖော်ဝါရီ ၂၆ ရက်ကစ၍  မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူး ရုံးခွဲတို့တွင်ဆောင်ရွက်နိုင်မည့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စု စာရင်းဝင် နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများအတွက်  KBZPay / MPU Card ဖြင့် ဖေဖော်ဝါရီ ၂၅ ရက်၊နံနက် ၉ နာရီကစ၍  Online မှ Booking တင်၍ ကြိုတင်ရက်ချိန်းရယူဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။

ယင်းထုတ်ပြန်မှုအရ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများမဟုတ်ပါက Booking ရသော်လည်း ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း နှင့်Online မှ Booking ရရှိပြီးသူများ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားမှုအား လဝကမှ စိစစ်ထားသော UID နံပါတ် များ ရှိပါက တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားမှုနှင့် ပတ်သက်၍ Online မှ Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ၏ www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး KBZPay / MPU Card ဖြင့် ငွေပေးချေနိုင်ကြောင်း၊  ကြားခံပွဲစား/ အကျိုးဆောင်များ မလိုအပ်ဘဲ ကာယကံရှင် ကိုယ်တိုင်လျှောက်ထားနိုင်ကြောင်း သိရသည်။

Most Read

Most Recent