ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ)တည်ဆောက်နေစဉ် ချောင်းအတွင်းသို့ တောင်ကျရေများလျံတက် သဖြင့် ရေလယ်သောင်ပြင်ရှိတဲအတွင်း ပိတ်မိနေသူ လုပ်သားခြောက်ဦးနှင့် ကလေးငယ်တစ်ဦးတို့အား မီးသတ်က ကယ်တင်

ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ)တည်ဆောက်နေစဉ် ချောင်းအတွင်းသို့ တောင်ကျရေများလျံတက် သဖြင့် ရေလယ်သောင်ပြင်ရှိတဲအတွင်း ပိတ်မိနေသူ လုပ်သားခြောက်ဦးနှင့် ကလေးငယ်တစ်ဦးတို့အား မီးသတ်က ကယ်တင်
Published 23 February 2024

ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ)တည်ဆောက်ရေးလုပ်ငန်းလုပ်နေစဉ် ချောင်းအတွင်းသို့ တောင်ကျရေများလျံတက်မှုဖြစ်ပွား၍ ရေလယ်သောင်ပြင်ရှိ တဲအတွင်း ပိတ်မိနေသူ လုပ်သားခြောက်ဦးနှင့် ကလေးငယ်တစ်ဦးတို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကယ်တင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၃ နာရီခန့်တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလာရှီးဒီချောင်းအတွင်း တောင်ပေါ်တွင် မိုးရွာသွန်းမှုကြောင့် တောင်ကျရေများဖြင့် ရေလျံတက်မှုဖြစ်ပွား၍ ချောင်းအတွင်း ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ) တည်ဆောက်ရေးလုပ်ငန်းရှိ လုပ်သားခြောက်ဦးနှင့် ကလေးငယ်တစ်ဦး စုစုပေါင်းခုနစ်ဦးတို့သည် ရေလည်သောင်ပြင်ရှိ တဲအတွင်းတွင် ပိတ်မိခဲ့ကြောင်း သိရသည်။

ထိုသို့ ရေလည်သောင်ပြင်ရှိ နေထိုင်ရာတဲအတွင်း လူများပိတ်မိနေကြောင်း ပြည်သူတစ်ဦးက မီးသတ်တပ်ဖွဲ့သို့ သတင်းပေးပို့သဖြင့် ပူတာအိုခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ပိတ်မိနေသူများအား ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

Most Read

Most Recent