PDF အဖွဲ့များထံ ငွေကြေးထောက်ပံ့ပေးခဲ့သည်ဟုဆိုကာ သံဖြူဇရပ်မြို့ခံတစ်ဦး ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရ

PDF အဖွဲ့များထံ ငွေကြေးထောက်ပံ့ပေးခဲ့သည်ဟုဆိုကာ သံဖြူဇရပ်မြို့ခံတစ်ဦး ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရ
Published 21 February 2024

PDF အဖွဲ့များထံ ငွေကြေးထောက်ပံ့ ပေးခဲ့သည်ဟုဆိုကာ သံဖြူဇရပ်မြို့ခံ ပြည်သူတစ်ဦး ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် ခံရကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံခဲ့ရသူမှာ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းနေ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ အသက် (၄၆) နှစ်အရွယ်၊ ကိုနန်း မြင့်ဦး (ခ) ကိုတရုတ်ဆိုသူဖြစ်ကြောင်း နှင့် ၎င်းင်းအား ဖေဖော်ဝါရီ ၁၉ ရက်က ည ၇ နာရီ အချိန်ခန့်က သက်ဆိုင်ရာက ၎င်းင်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေး တပ် ဖွဲ့ နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်အား စစ် ဆေးရာတွင် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း က PDFအဖွဲ့ထံသို့ ငွေကျပ်  ၈၀၀၀၀ ထောက် ပံ့ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလအတွင်းက ငွေကျပ် ၂၀၀၀၀ ကို ပန်ဆယ်လိုထံသို့ ထောက် ပံ့ပေး ခဲ့ကြောင်းကိုစစ်ဆေးပေါ်ပေါက်ထား ကြောင်း ၎င်းကဆိုသည်။

“ အဲ့ဒီအပြင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော် ၀ါရီလက  M-16  ကျည် ၇၀၀ တောင့်၊ တန်ဖိုး အားဖြင့်  ကျပ် ၄၂၀၀၀၀ ကို မြဝတီမှတစ်ဆင့် ဝယ်ယူပြီးတော့ PDF အဖွဲ့ထံကို ထောက်ပံ့ ပေးခဲ့ တာတွေကိုလည်း စစ်ဆေးပေါ်ပေါက် ထားတယ်လို့ သိရတယ်” ဟု ၎င်းက ဆက် လက် ပြောကြားသည်။

ထို့အပြင် ၂၀၁၇ ခုနှစ် အတွင်းက  River တံဆိပ် လေသေနတ်တစ်လက်ကို ငွေ ကျပ် ၄၈၀၀၀၀ ဖြင့်လည်းကောင်း၊ ကော်သီးဖြင့် ပစ်ရသည့် PIETRO BERETTE အမျိုးအစား ထိုင်ဝမ်နိုင်ငံထုတ် စတီးကိုယ်ထည် ပစ္စတိုသေနတ်ပုံစံ တစ်လက်အား ထိုင်း ဘတ်ငွေ ၂၅၀၀ ဘတ်ဖြင့်လည်းကောင်း ဝယ်ယူကာ တရားမဝင် ကိုင်ဆောင်ထား သည်ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

PDF အဖွဲ့များအား ငွေကြေးထောက်ပံ့ ခြင်း နှင့် ခဲယမ်းများ ဝယ်ယူထောက်ပံ့ပေးခြင်း၊ တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းများ ပြုလုပ်သူ ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) / ၅၀ (စျ) / ၅၂ (က) ဖြင့် အမှုဖွင့်အ ရေးယူထားကြောင်း နှင့် ဆက်လက်စစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိ သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်ကလည်း သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်နေ ကိုမြ သန်း (ခ) ဆရာစံ ဆိုသူမှာ PDF အဖွဲ့များထံ လက်နက်နှင့်ရိက္ခာများ ထောက်ပံ့ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် သံဖြူဇရပ်မြို့မ ရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) / ၅၀ (စျ) / ၅၂ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

Most Read

Most Recent