ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်  ထရန်စဖော်မာ ပုံးများမှ မိန်းကြိုးများဖြတ်ကာ ခိုးယူခံရမှုများရှိနေ

ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်  ထရန်စဖော်မာ ပုံးများမှ မိန်းကြိုးများဖြတ်ကာ ခိုးယူခံရမှုများရှိနေ
Published 17 February 2024

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျေးရွာတချို့တွင် (200 – K) ထရန်စဖော်မာပုံးများမှ မိန်းကြိုးများဖြတ်ကာ ခိုးယူခံရမှုများရှိနေ ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဇန်နဝါရီလအတွင်းက ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စု၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာအုပ်စု၊ ဇွဲကလာကျေးရွာအုပ်စု၊ မုသင်ကျေးရွာအုပ်စုများတွင်း (200 – K) ထရန်စဖော်မာပုံးများမှ မိန်းကြိုးများ ဖြတ်ကာခိုးယူခံရမှုများရှိခဲ့ကြောင်း ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးက ပြောကြားသည်။

ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးက “ လျှပ်စစ်မီး ရဖို့အတွက် ကျေးရွာမီးလင်းရေး ကော်မတီတွေဖွဲ့ပြီး လုပ်ထားကြရတာ။ ဖေဖေါ်ဝါရီလဆန်းပိုင်းက ကျနောတို့ရွာက မိန်းကြိုးတွေ ဖြတ်ခိုးခံရတယ်။ တန်ဖိုးအားဖြင့် ကြေးကြိုးတွေဆိုတော့ ကျပ် (၇၅) သိန်းဖိုးလောက်ရှိတယ်။ အခုပြန်ပြင်တော့ ကျေးရွာနေပြည်သူတွေကဘဲ စုပေါင်းပြီး မိန်းကြိုးတွေဝယ်ရတယ်။ အခုက ကြေးကြိုးတွတော့ မဝယ်နိုင်လို့ သတ္တုကြိုးတွေနဲ့ဘဲ ပြန်တပ်ထားရတယ်” ဟု ပြောကြားသည်။

လက်ရှိအချိန်အထိ မိန်းကြိုးများ ဖြတ်ခိုးခံရမှု ကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီး နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent