မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်ရိပ်သာလမ်းထောင့်ရှိ ESPERADO ဟိုတယ်ပိုင်ရှင်၏ ဇနီးအသတ်ခံရမှုဖြစ်ပွား

မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်ရိပ်သာလမ်းထောင့်ရှိ ESPERADO ဟိုတယ်ပိုင်ရှင်၏ ဇနီးအသတ်ခံရမှုဖြစ်ပွား
Published 13 February 2024

မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်ရိပ်သာလမ်းထောင့်ရှိ ESPERADO ဟိုတယ်ပိုင်ရှင်၏ ဇနီးဖြစ်သူ အသတ်ခံရမှု  ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောကြားသည်။

"ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ESPERADO ဟိုတယ်ပိုင်ရှင်ရဲ့ ဇနီးအသတ်ခံရတာပါ။ မသင်္ကာသူတွေကိုတော့ စစ်ဆေးလုပ်ဆောင်နေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ NOM သတင်းဌာ၏ တယ်လီဂရန်ချန်နယ်တွင်ဖော်ပြထားမှုမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင်ရှိ ESPERADO ဟိုတယ်သုံးလွှာရှိအခန်းအမှတ်(-)တွင် ဖေဖော်ဝါရီလ ၁၃ ရက်နံနက် ၈း၃၀ နာရီအချိန်၌ ဟိုတယ်ပိုင်ရှင်၏ဇနီးဖြစ်သူသည် အခန်းအတွင်းကျောပြင်တွင် ဓါးဒဏ်ရာငါးချက်ဖြင့် သေဆုံးနေကြောင်း ဖော်ပြထားသည်။

မိခင်ဖြစ်သူအခန်းတွင်းမှ ထွက်မလာသဖြင့် သားဖြစ်သူကဖုန်းခေါ်ရာ မကိုင်သဖြင့် မာစတာကီးဖြင့်အခန်းကိုဖွင့်ခဲ့ကြောင်း ထိုအချိန်တွင် အခန်းအတွင်းမိခင်ဖြစ်သူမှာဓါးဒဏ်ရာများဖြင့် ကြမ်းပြင်တွင်လဲကျသေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်

ကြောင်း NOM သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Most Read

Most Recent