ဆိုဗီယက်အမြောက်တပ်သားဘဝမှ ယူကရိန်းစစ်ဦးစီးချုပ်ဖြစ်လာသူ

ဆိုဗီယက်အမြောက်တပ်သားဘဝမှ ယူကရိန်းစစ်ဦးစီးချုပ်ဖြစ်လာသူ
Photo:AFP
Photo:AFP
Published 11 February 2024

ဇန်နဝါရီ ၈ ရက်က ယူကရိန်း သမ္မတ ဗိုလိုဒီမာဇယ်လန်စကီးသည် စစ်ဦးစီးချုပ်အသစ်တစ်ဦး ခန့်အပ်ခဲ့ပြီး ထိုပုဂ္ဂိုလ်သည် ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ယူကရိန်း၏ ကြီးမားသည့် အောင်မြင်မှုအချို့တွင် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။

သူသည် ရုရှား၏ ကျူးကျော်စစ် အစောပိုင်းနေ့ရက်များအတွင်းက ကိယက်ဗ်မြို့တော်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့မှုကို ကြီးကြပ်ခဲ့သူလည်း ဖြစ်သည်။

ယူကရိန်းမြေပြင်တပ်ဖွဲ့များ၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆိုစကီးသည် စိန်ခေါ်မှုများ မြင့်တက်နေသည့်အချိန်တွင် ထိပ်သီးခေါင်းဆောင်နေရာကို ရရှိခဲ့ခြင်း လည်းဖြစ်သည်။

စစ်ပွဲသည် သုံးနှစ်မြောက် အချိန်ကာလအတွင်းသို့ ဝင်ရောက်ရန် တာစူနေမှုနှင့်အတူ ယူကရိန်းစစ်တပ်၏ စိတ်ပိုင်းဆိုင်ရာကျဆင်းမှု၊ လက်နက်ခဲယမ်းများနှင့် စစ်မှုထမ်း အင်အားလျော့နည်းမှုတို့ အပါအဝင် ယူကရိန်းသည် အနောက်နိုင်ငံများထံမှ အကူအညီများကို ဆက်လက်ရှရိရန် ရုန်းကန်နေရသည်။

ယူကရိန်းစစ်တပ်တွင် ယခင် စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလူဇနီ၏ ခြေရာကို နင်းနိုင်လောက်သည်အထိ အတွေ့အကြုံပြည့်ဝသူ အနည်းငယ်သာရှိသဖြင့် ဆိုစကီးအား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်မှုသည် အံ အားသင့်စရာတော့ မဟုတ်ပေ။

ဆိုစကီးသည် စစ်မြေပြင်တွင် အောင်မြင်မှုများကြောင့် စစ်သားများ၏ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သည်။

ယူကရိန်းတွင် အများစုက ရုရှား၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများ၏ သတိပေးချက်များကို ငြင်းပယ်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ဆိုစကီးသည် ကိယက်ဗ်မြို့တော်ကို ကာကွယ်ရန် ကြိုတင် ပြင်ဆင်မှုများကို စနစ်တကျ လုပ်ဆောင်ခဲ့သဖြင့် ချီးကျူးဂုဏ်ပြုခံခဲ့ရသူ ဖြစ်သည်။

နောက်ပိုင်းတွင် သူသည် ကိယက်ဗ်မြို့တော်ကို ချီတက်လာသည့် ရုရှားတပ်များကို တွန်းလှန်တိုက် ခိုက်နိုင်ခဲ့သဖြင့် ယူကရိန်း၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုဖြစ်သည့် “ယူကရိန်း သူရဲကောင်း”ဆုတံဆိပ်ကို ရရှိခဲ့သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း ဆိုစကီးသည် ခါကိဗ်ဒေသတွင် ယူကရိန်းစစ်ပွဲအတွင်း သိသာ ထင်ရှားသည့် အောင်မြင်မှုတစ်ခုဖြစ်သည့် တန်ပြန်ထိုးစစ်ကို ဦးဆောင်ခဲ့ပြီး ကူပီးယန့်စ်၊ အစ်ဇွမ်မြို့များကို ရုရှားတပ်များထံမှ ပြန်လည် သိမ်းယူနိုင်ခဲ့သည်။

ထို့ပြင် သူသည် ရုရှားနှင့် ယူကရိန်းစစ်ပွဲအတွင်း အရှည်ကြားဆုံးနှင့် လူသေဆုံးမှု အများဆုံးဖြစ်သည့် ဘက်ခ်မွတ်မြို့ တိုက်ပွဲကိုလည်း ဦးဆောင်ခဲ့သည်။

ထိုတိုက်ပွဲသည် နှစ်ဘက်စလုံးမှ အကျအဆုံးများ ပြားခဲ့သဖြင့် ဝေဖန်ခံခဲ့ရသော်လည်း ထိုစစ်ပွဲသည် ရုရှားစစ်သားများနှင့် အရင်းအမြစ်များကို လျော့နည်းစေခဲ့သည်။

ယခုလကုန်တွင် သုံးနှစ်တာ ကာလအတွင်းသို့ ဝင်ရောက်လာတော့မည့် စစ်ပွဲ၏ အခက်အခဲဆုံး အဆင့်တွင် ဆိုစကီးသည် စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ရမည် ဖြစ်သည်။

ယူကရိန်းဘက်တွင် လက်နက်ခဲယမ်းများ ပြတ်လပ်မှု၊ တပ်သားသစ်များ လျော့နည်းလာမှုတို့သည် ယူကရိန်း၏ ခံစစ်စည်းများကို အားလျော့စေနိုင်ပြီး ရုရှားတပ်များက ချီတက်ဝင်ရောက်ရန် စိုင်းပြင်းလျက် ရှိသည်။

အမေရိကန်၏ ယူကရိန်းအထောက်အပံများ ရပ်တန့်နေမှုကြောင့် ယူကရိန်းတပ်ဖွဲ့များ၏ အဓိက ရည်မှန်းချက်မှာ ယခုနှစ်ဆောင်း ရာသီတွင် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများကို လက်မလွတ်စေဘဲ ဆက်လက်ထိန်းချုပ်ထားရန် ဖြစ်သည်။

ဆိုစကီးကို ၂၉၆၅ ခုနှစ်က ဆိုဗီယက်ယူနီယံတွင် မွေးဖွားခဲ့သည်။

သူသည် မော်စကို အဆင့်မြင့် စစ်သင်တန်းကျောင်းကို တက်ရောက်ခဲ့ပြီးနောက် ဆိုဗီယက်အ မြောက်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဆိုစကီးသည် ဆိုဗီယက် စစ် ရေးမဟာဗျူဟာနှင့် ပြင်လွယ် ပြောင်းလွယ်ရှိသည့် နေတိုးမဟာမိတ်အဖွဲ့၏ ဗျူဟာများကို ပေါင်းစပ် အသုံးပြုသူဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

စည်းကမ်းတင်းကျပ်မှုနှင့်အတူ တိကျသေချာစွာ အစီအစဉ်ဆွဲတတ်သူအဖြစ် လူသိများသည် ဆိုစကီးသည် ယူကရိန်း၏ အရှေ့ပိုင်း စစ်ဆင်ရေးများတွင် မြေပြင်တပ်ဖွဲ့များ၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသကို ရုရှားက သိမ်းယူခဲ့သည့် စစ်ပွဲတွင်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

                                Ref:AFP

Most Read

Most Recent