နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများနှင့် လူမှုရေးရာဝန်ကြီးများ အစားထိုးခန့်အပ်ကြောင်း နစက ထုတ်ပြန်

နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများနှင့် လူမှုရေးရာဝန်ကြီးများ အစားထိုးခန့်အပ်ကြောင်း နစက ထုတ်ပြန်
Published 10 February 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နေပြည်တော် ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီး မျိုးဝင်း နေရာတွင် ဗိုလ်မှူးကြီး ရဲမိုး၊ ရဲမှူးကြီး ကိုကိုလွင် နေရာတွင် ဦးမင်းဦး၊ ဦးအောင်ခိုင်ဆွေ နေရာတွင် ဦးဟန်သူ တို့အား အစားထိုးခန့်အပ်တာဝန်ပေးလိုက်ကြောင်း နစကမှ ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များတွင်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ အဖြစ်တာဝန်ထမ်းဆောင်နေသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ရဲမှူးကြီး ကျော်ထွန်း နေရာတွင် ဦးခင်မောင်ထွေး၊ ကယားပြည်နယ် အစိုးရအဖွဲ့မှ ရဲမှူးကြီး မောင်မောင်ဦး နေရာတွင် ဦးအောင်မျိုးသန်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ရဲမှူးကြီး ဝင်းကျော်နိုင် နေရာတွင် ဦးညီညီဇော်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဖွဲ့မှ ရဲမှူးကြီး အောင်မြင့်နိုင် နေရာတွင် ဦးခင်မောင်အေး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရဲမှူးကြီး မြင့်ထွန်း နေရာတွင် ဦးအောင်ဇော်လှိုင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရဲမှူးကြီး ကျော်ထွဋ် နေရာတွင် ဦးတင်ဆွေ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရဲမှူးကြီး လင်းထွဋ် နေရာတွင် ဦးအောင်သူဦး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရဲမှူးချုပ် စိန်လွင် နေရာတွင် ဦးအောင်ဇော်ဦး၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရဲမှူးကြီး မျိုးဆွေ နေရာတွင် ဦးတင်စန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရဲမှူးကြီး သက်လွင် နေရာတွင် ဦးအောင်ကျော်မိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရဲမှူးချုပ် မျိုးမင်းထိုက် နေရာတွင် ဦးကျော်ကျော်စိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ရဲမှူးချုပ် တင်ကိုကို နေရာတွင် ဦးနေဝင်းအောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရဲမှူးကြီး တင်ဇော်ထွန်း နေရာတွင် ဦးနေမျိုးအောင် တို့ကို အစားထိုးခန့်အပ် တာဝန်ပေးလိုက်ကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များတွင် လူမှုရေးရာဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးသန့်ဇင်ကိုကို နေရာတွင် ဦးမိုးမင်းသိန်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးကျော်မြင့် နေရာတွင် ဦးစောထွန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဖွဲ့မှ ဦးဆန်းအောင် နေရာတွင် ဦးညွန့်ဝင်းအောင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးသန့်ဇင် နေရာတွင် ဦးသက်နိုင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးအောင်ဝင်းဦး နေရာတွင် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစိုးလွင် နေရာတွင် ဦးအောင်ကျော်မိုး၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဦးမြတ်သွင် နေရာတွင် ဦးစောကြည်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးမောင်မောင်သန်း နေရာတွင် ဦးဌေးအောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဦးအေးလှိုင် နေရာတွင် ဦးမင်းမင်းလွင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးအောင်ဝင်းသိန်း နေရာတွင် ဦးခင်မောင်ကြည် တို့ကို အစားထိုးခန့်အပ်တာဝန်ပေးလိုက်ကြောင်းနစကမှ ထုတ်ပြန်သည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဒေါ်ဖြူမာဝေ အား ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Most Read

Most Recent