■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 9 February 2024

အူန်ယွန်းဘာလင် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၀ ရက် ည ၉:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်း နောက်ဆုံး(၄)ပွဲဆက်တိုက် သရေရလဒ်တွေနဲ့ပဲ ကြုံတွေ့ခဲ့ရတယ်။ ဒီပွဲလည်း ဝုလ်ဖ်ဘတ် သရေထပ်ကျရင် အံ့ဩစရာမရှိပါဘူး။



ဖရန့်ဖတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၀ ရက် ည ၉:၀၀ နာရီ)

ဖရန့်ဖတ်အသင်းက ဘိုင်ယန်မြူးနစ်အပါအဝင် အိမ်ကွင်း (၃)ပွဲဆက်တိုက် အနိုင်ကစားထားခဲ့တယ်။ ဖရန့်ဖတ် အနိုင်သေချာပါတယ်။



မိုချန်ဂလာဘတ် - ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၀ ရက် ည ၉:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်း နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့ပေမဲ့ နောက်ဆုံး(၂)ပွဲမှာ လေဗာကူဆင်၊ ဘိုင်ယန်တို့နဲ့ ကစားခဲ့ရတာပါ။ ဒီတစ်ပွဲတော့ မိုချန် နိုင်ဖို့များတယ်။



၀ါဒါဘရီမင် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၀ ရက် ည ၉:၀၀ နာရီ)

ဟိုင်းဟိုင်အသင်း (၃)ပွဲဆက်အနိုင်ကစားပြီး နောက်ဆုံး (၄)ပွဲဆက် သရေကျထားခဲ့တယ်။ ဒီပွဲလည်း ဟိုင်းဟိုင် အမှတ်ထပ်ရနိုင်တယ်။



အော့စ်ဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၀ ရက် ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်း နောက်ဆုံးနိုင်ပွဲမှာ နိုင်ပွဲပြန်တွေ့ထားတယ်။ ဒါပေမဲ့ ကြားရက်မှာ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲကစားဖို့ရှိနေလို့ လိုက်ပ်ဇစ်အသင်း ဖိဖိစီးစီးကစားဖို့ မဖြစ်နိုင်လောက်ဘူး။ အော့စ်ဘတ်နဲ့ စွန့်စားသင့်တယ်။



လေဗာကူဆင် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၀ ရက် ည ၁၂:၀၀ နာရီ)

လေဗာကူဆင်အသင်းရဲ့ အခုရာသီရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါပဲ။ လေဗာကူဆင်အနေနဲ့   ရှုံးပွဲမရှိအောင် ထိန်းကစားနိုင်ရင်တော့ ယုံကြည်မှု ပိုရှိသွားလိမ့်မယ်။ ဘိုင်ယန်မြူးနစ်အသင်းကတော့ မဖြစ်မနေ အနိုင်ကစားရမယ့် ပွဲမျိုးပါပဲ။ လေဗာကူဆင်ကွင်းမှာ ဘိုင်ယန် အနိုင်ကစားနိုင်ရင်တော့ ချန်ပီယံဆုအတွက် အလားအလာကောင်းသွားမှာဖြစ်ပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ လေဗာကူ ဆင်အပေါ် စိတ်ဓာတ်ရေးရာအရ အသာစီးယူပြီးသား ဖြစ်သွားလိမ့်မယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာရထားတဲ့ ဘိုင်ယန် အမှတ်တော့ ရမှာပါ။

Most Read

Most Recent