သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ်ဆောင်ရွက်ရသည့်     လုပ်ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဟု တပ်မတော်   ကာကွယ်ရေးဦးစီးချုပ် ပြောကြား

သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ်ဆောင်ရွက်ရသည့်     လုပ်ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဟု တပ်မတော်   ကာကွယ်ရေးဦးစီးချုပ် ပြောကြား
ဇန်နဝါရီ ၃၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပနေစဉ်
ဇန်နဝါရီ ၃၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပနေစဉ်
Published 1 February 2024

သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ်ဆောင်ရွက်ရသည့် လုပ် ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေး (၁/၂၀၂၄) တွင် နစကအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုး တာ ဝန်ယူခဲ့သည့် ခြောက်လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင် ရွက်ရန် လိုအပ်သည်များနှင့်စပ်လျဉ်း၍ ရှင်း လင်းတင်ပြရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်များမှ အခြေခံဥပဒေအရ ဆောင်ရွက်နိုင်သည့်ကိစ္စ ရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အချို့သောကိစ္စရပ်များကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြင်ဆင်လိုသည့်ကိစ္စရပ်များ အနက် ဖြစ် နိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရန် တပ် မတော်မှ သဘောတူညီသည်ကို တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ နှင့် တွေ့ဆုံချိန်များတွင်လည်း ဆွေးနွေးပြော ကြားပြီးဖြစ်ကြောင်း၊ သမိုင်းကြောင်းနှင့် နိုင်ငံ ချင်း တရားဝင်ဆက်ဆံဆက်သွယ်ဆောင် ရွက်ရသည့် လုပ်ငန်းစဉ်များအရ ကိုးကန့်အ ထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိ တို့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေပါ ကြောင်း၊ အဆိုပါအချက်များကို လျစ်လျူရှု မည်ဆိုပါက နောက်ခံအကြောင်းတစ်မျိုးမျိုး ကြောင့် စစ်ဘုရင်ဝါဒကို အသက်သွင်းခြင်း သာဖြစ်မည်ဟု ယူဆရပါကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်စဉ်များ နှင့်ပတ်သက်၍ MNDAA သောင်းကျန်းသူ အဖွဲ့သည် ၎င်းင်းတို့၏ ကြေညာချက်များတွင် အကြောင်းပြချက်များစွာ ဖော်ပြသော်လည်း အဓိကရည်မှန်းချက်ကို သုံးသပ်ကြည့်ရပါက ကိုးကန့်ဒေသအတွင်း အထူးဒေသ (၁) အနေ ဖြင့် သြဇာအာဏာ ပြန်လည်တည်ဆောက် လိုခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်လာခြင်း လည်းဖြစ်ကြောင်း၊ MNDAA အဖွဲ့အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် ဒီမိုကရေစီ ကျင့်သုံးနေသည့် မြန်မာနိုင်ငံတွင် အာဏာကို ဥပဒေနှင့်အညီ ရရှိနိုင်ရန် ဆောင်ရွက်ခြင်း မပြုဘဲ လက်နက်ကိုင်တိုက်ခိုက်သည့်နည်း ဖြင့် ရယူရန် ကြိုးပမ်းခဲ့ခြင်းပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြော ကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်း သားများ၏ အခွင့်အရေးများကို တန်းတူပေး အပ်ထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည် နယ်များ အားလုံးကိုလည်း တူညီသည့် အခွင့် အရေးများ ပေးအပ်ထားပြီး ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသများတွင်လည်း ကိုယ်ပိုင်လုပ် ပိုင်ခွင့်များ ပေးထားပြီးဖြစ်ကြောင်း၊ သံလွင် အရှေ့ခြမ်းတွင်ရှိသည့် ကိုးကန့်နယ်မြေကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြ ဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပ ဒေ အသက်မဝင်ခင်တွင် အထူးဒေသအဖြစ် ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ပြောကြားသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို ၂၀၁၁ ခုနှစ်မှစပြီး ရွေးချယ်ခံပုဂ္ဂိုလ်များ နှင့် အုပ်ချုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်းတွင် မြန်မာ- တရုတ် နယ်စပ်ဒေသကုန်သွယ်ရေး၊ ချင်း ရွှေဟော်မြို့တွင် မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများကို နှစ်နိုင်ငံအစိုးရများ သဘောတူချက်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ သည်မှာ ယခုတိုက်ပွဲမတိုင်မီကာလအထိဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။

သောင်းကျန်းသူအဖွဲ့များအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတွင် နိုင်ငံ တော်၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ပြီး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မှုမရရှိစေရန် အတွက် အဓိကပြည်ထောင်စုလမ်းမကြီး များကို ဖြတ်တောက်ပိတ်ဆို့ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ နယ်စပ်ကုန်သွယ်ရေးဆို သည်မှာ နှစ်နိုင်ငံအစိုးရများ၏ သဘောတူ ညီချက်ဖြင့် တရားဝင်ဆောင်ရွက်ရခြင်းဖြစ် ခြင်းကြောင့် မူဆယ်ဒေသ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး တရုတ်နိုင်ငံနှင့် ဆွေးနွေးဆဲဖြစ်သည်ကို တင် ပြလိုပါကြောင်း တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က ပြောကြားသည်။

Most Read

Most Recent