နစက ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းအား အနားပေးခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နေရာတွင် ဦးအောင်အောင် အား အစားထိုးခန့်အပ်

နစက ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းအား အနားပေးခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နေရာတွင် ဦးအောင်အောင် အား အစားထိုးခန့်အပ်
Published 31 January 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းအား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်အမှတ် (၁၆/၂၀၂၄)ဖြင့် ထုတ်ပြန်သည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ဦးအောင်ဇော်အေး အစား ဦးအောင်အောင် အား အစားထိုးခန့်အပ် တာဝန်ပေးလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်အမှတ် (၁၁/၂၀၂၄)ဖြင့် ထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းဝင်း အား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်းလည်း အမိန့်အမှတ် (၁၂/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်အဖြစ် ဦးမျိုးလှိုင်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်အဖြစ် ဦးကျော်မျိုးထွဋ်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးထိန်လင်း တို့အား ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နစကမှ ထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဦးမျိုးလှိုင် အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်အမှတ် (၁၄/၂၀၂၄)ဖြင့် ထုတ်ပြန်သည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဦးကျော်မျိုးထွဋ် အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် အဖြစ်ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်အမှတ် (၁၃/၂၀၂၄)ဖြင့် ထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဦးထိန်လင်း အား အားကစားနှင့်ဘလူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အမိန့်အမှတ် (၁၅/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် အမိန်အမှတ် (၉/၂၀၂၄)ဖြင့် ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဦးကိုကို အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်အမှတ် (၁၀/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည်။

Most Read

Most Recent