■ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် မိမိမရှိလျှင်လည်း  ဘာစီလိုနာ၏အနာဂတ်မှာ တောက်ပနေကြောင်း ဇာဗီ ဖွင့်ဟ     

■ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် မိမိမရှိလျှင်လည်း  ဘာစီလိုနာ၏အနာဂတ်မှာ တောက်ပနေကြောင်း ဇာဗီ ဖွင့်ဟ     
Photo: Getty Images
Photo: Getty Images
Published 26 January 2024

ဘာစီလိုနာအသင်းအနေဖြင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲ(Copa del Rey) ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရပြီးနောက် ဖိအားများရင်ဆိုင်နေရသည့် နည်းပြ ဇာဗီက မိမိ ဆက်ရှိနေသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ အသင်း၏အနာဂတ်မှာ တောက်ပနေကြောင်း သုံးသပ်ပြောကြားခဲ့သည်။

    

ဇန်နဝါရီ (၂၄) ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ ဘီလ်ဘာအိုအသင်းအား အချိန်ပို၌ ရှုံးပွဲကြုံတွေ့ခဲ့သည်။ 

ပွဲအစ တစ်မိနစ်မှာပင် အိမ်ရှင် ဘီလ်ဘာအိုအသင်းအတွက် ဂူရူဇယ်တာက ဦးဆောင်ဂိုးသွင်းယူခဲ့သဖြင့် ဘာစီလိုနာအသင်း နောက်မှလိုက်ကစားခဲ့ရသည်။ 

(၂၆) မိနစ်တွင် လီဝန်ဒေါစကီးနှင့် (၃၂)မိနစ်တွင် ယာမယ်လ်တို့က နှစ်ဂိုးဆက်တိုက်သွင်းယူသဖြင့် ဘာစီလိုနာအသင်း ပြန်လည်ဦးဆောင်ခွင့်ရခဲ့သော်လည်း (၄၉)မိနစ်တွင် ဆန်ဟဲ၏ချေပဂိုး ခွင့်ပြုခဲ့ရသည်။ 

မိနစ် (၉၀) ပြီးဆုံး ချိန်အထိ နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်သဖြင့် အချိန်ပို ဆက်လက်ကစားခဲ့ရပြီး (၁၀၅+၂) မိနစ်တွင် အီညာကီဝီ လီယံနှင့် (၁၂၀+၁) မိနစ်တွင် နီကိုဝီလီယံတို့က အနိုင်ဂိုး သွင်းယူခဲ့သောကြောင့် ဘီလ်ဘာအိုအသင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

    

သို့ဖြစ်ရာ ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဇာဗီက "ထိပ်တန်းကလပ်တွေမှာ နည်းပြအားလုံးရဲ့အခြေအနေက ဆုဖလားတွေအပေါ် မူတည်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်အထိ အသင်းကောင်းတစ်သင်းကို ကျွန်တော်တို့ ယှဉ်ပြိုင်ကစားနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ အထူးသဖြင့် လူငယ်ကစားသမားတွေအတွက်ပေါ့။ ကျွန်တော်တို့က ကလေးတွေနဲ့ ကစားနေတာပါ။ လူစာရင်းကလည်း သေး ငယ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တည်ဆောက်ဆဲ အခြေအနေပဲရှိသေးတယ်လို့ ပြောတာက အဲဒါကို ရည်ရွယ်တာပါ။ ဒါက ကြီးမားတဲ့အရာတစ်ခုရဲ့အစလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ရှိနေသည်ဖြစ်စေ၊ မရှိတော့သည် ဖြစ်စေ ဘာကာမှာ ကြီးမားတဲ့ အနာဂတ်ရှိပါတယ်။ အသင်းမှာ တကယ်ကောင်းတဲ့ ပရောဂျက်တစ်ခုရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းနည်းပြ ဇာဗီသည် ရီးယဲလ်မက်ဒရစ်အသင်းအား ဒိုင်များက အမြဲမျက်နှာသာပေးသည်ဆိုသည့် စွပ်စွဲမှုကို ပြုလုပ်ခဲ့ခြင်းအတွက်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

Most Read

Most Recent