စစ်ပွဲတွင် ယူကရိန်းက ရုရှားကို မနိုင်ပါက ယင်းသည် ဥရောပအတွက် အဆုံးသတ်မကောင်းနိုင်ဟု လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး သတိပေး

စစ်ပွဲတွင် ယူကရိန်းက ရုရှားကို မနိုင်ပါက ယင်းသည် ဥရောပအတွက် အဆုံးသတ်မကောင်းနိုင်ဟု လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး သတိပေး
ရုရှားဒုံးကျည်ထိမှန်သဖြင့် ယူကရိန်းမြို့ကြီး ခါကိဗ်၌ ထိခိုက်ပျက်စီးနေပုံကို ဇန်နဝါရီ ၁၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရုရှားဒုံးကျည်ထိမှန်သဖြင့် ယူကရိန်းမြို့ကြီး ခါကိဗ်၌ ထိခိုက်ပျက်စီးနေပုံကို ဇန်နဝါရီ ၁၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 19 January 2024

ယူကရိန်းက ရုရှားကို မနိုင်ပါက ရုရှားအောင်ပွဲက ဥရောပအတွက် အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်ဟု လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဂါဘရီရယ်လီ ယက်စ်လန်းစ်ဘာဂျစ်က ဇန်နဝါရီ ၁၈ ရက်တွင် အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး ရုရှားကို ယူကရိန်းတွင် ထိန်းထားနိုင်ဖွယ်ရာမရှိဟု ၎င်းက သတိပေးခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံရှိ ဆွစ်အယ်လ်ပိုင်း အပန်းဖြေစခန်း ဒါးဗို့စ်တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ဘေးဆွယ် အခမ်းအနားတစ်ခုတွင် လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖိုရမ်တွင် ယူကရိန်း၌ ဖြစ်ပွားနေသော စစ်ပွဲအကြောင်းသည် ဆွေးနွေးမှုများကို လွှမ်းမိုးထားသည်။

ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးသည် ဖိုရမ်ကို ကိုယ်တိုင်တက်ရောက်ခဲ့သည်။ ယူကရိန်းအတွက်နောက်ထပ် စစ်ရေးအကူအညီများ ရရှိရေးရန်သမ္မတဇယ်လန်းစကီးသည် ဖိုရမ်ကို တက်ရောက်လာခြင်းဖြစ်သည်။

ယူကရိန်းစစ်ပွဲသည် ဥရောပ၏စစ်ပွဲဖြစ်သည်ဟူသော ဒိဋ္ဌိဖြစ်ရပ်ဖြင့် ဥရောပသည် နိုးထခြင်းမဟုတ်ဟု လန်းစ်ဘာဂျစ်က သတိပေးခဲ့ပြီး ရုရှားကအခြားသော ဥရောပနိုင်ငံများကို နောင်တွင် ကျူးကျော်ဖွယ် အ နေအထားအတွက် ပြင်ဆင်မှုများကို ပိုမိုလုပ်ဆောင်ကြရန်လည်း ၎င်းက ဥရောပကို တောင်းဆိုခဲ့သည်။

“ဒီပဋိပက္ခမှာ ယူကရိန်းမနိုင်ဘူးဆိုတဲ့ အနာဂတ်ဖြစ်နိုင်ခြေဆိုတာမရှိပါဘူး။ဒါဟာ ဥရောပအတွက် အဆုံးသတ်ကောင်းသွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

“ရုရှားကို ယူကရိန်းမှာ ထိန်းထားနိုင်ဖွယ်ရာအနေအထားလည်း ရှိနေပါတယ်”ဟု ၎င်းက သတိပေးခဲ့သည်။

ကာကွယ်ရေးနှင့်ပတ်သက်၍ ဥရောပလုပ်ဆောင်နိုင်သည့် နည်းလမ်းတစ်ခုမှာ ဥရောပကို ကာကွယ်ရေးအတွက် လိုအပ်သောအရာများကို ဝယ်ယူရန် စုံပေါင်းဝယ်ယူရေးပင်ဖြစ်သည်ဟု လစ်သူယေးနီးယားနိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားသည်။

“ဥရောပကာကွယ်ရေးကို အခြားသူတစ်ဦးဦးက လုပ်ပေးရမယ် ဒါမှမဟုတ် အခြားသူတစ်ဦးဦးက ကြိုးစားပမ်းစားလုပ်ပေးရမယ်လို့ ကျွန်တော်တို့ထဲက လူအချို့က တွေးထားကောင်းတွေးထားနိုင်ပါတယ်။ ဒါ ပေမဲ့ ဒါဟာဥရောပရဲ့စစ်ပွဲဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဂါဘရီရယ်လီ ယက်စ်လန်းစ်ဘာဂျစ်သည် ဖိုရမ်တွင် အထူးသဖြင့် ယူကရိန်းအကြောင်း ဆွေးနွေးမှုများအပါအဝင် အဆင့်မြင့်ဆွေးနွေးမှု အများအပြားကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

မိမိတို့သည် ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ခဲယမ်းများအလွန်အမင်းလို အပ်နေသည်ဟု ဇန်နဝါရီ ၁၈ ရက်တွင် ယူကရိန်းက သတိပေးခဲ့သည်။ ထို့ကြောင့် ယူကရိန်း၏ အနောက်အုပ်စု မဟာမိတ်များသည် လက်နက်ကြီးပံ့ပိုးမှုအသစ်များ လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။

၂၃ နိုင်ငံပါဝင်သော အဖွဲ့က ယူကရိန်း  အတွက်အကူအညီသစ်များကို ပါရီအစည်း အဝေးတွင်သဘောတူခဲ့ခြင်းဖြစ်သည်။ နေတိုးက စစ်သား ၉၀,၀၀၀ ပါဝင်သော စစ်ရေးလေ့ကျင့်မှုများအား လာမည့်သီတင်းပတ်တွင် စတင်မည်ဟုကြေညာချိန်နှင့်တိုက်ဆိုင်လျက် ယူကရိန်းအတွက် ခဲယမ်းများ ဝယ်ယူ ရေးကိစ္စကို သဘောတူကြောင်း အနောက်အုပ်စုက ကြေညာခဲ့ခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent