ဆလီနာဂိုးမက်ဇ်က တေးဂီတထက် သရုပ်ဆောင်အလုပ်ကို ရွေးချယ်လုပ်ကိုင်သွားမည်ဟု ထုတ်ဖော်ပြောကြား

ဆလီနာဂိုးမက်ဇ်က တေးဂီတထက် သရုပ်ဆောင်အလုပ်ကို ရွေးချယ်လုပ်ကိုင်သွားမည်ဟု ထုတ်ဖော်ပြောကြား
Published 7 January 2024

ဆလီနာဂိုးမက်ဇ်က သူသည် တေးဂီတထက် သရုပ်ဆောင်အလုပ်ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် ဆလီနာက ၎င်းအနေဖြင့် နောက်ထပ်အယ်လ်ဘမ်တစ်ချပ်သာ ထွက်ရှိသွားဖွယ်ရှိသည်ဟု လည်း ဆိုသည်။

The Only Murders in the Building  သရုပ်ဆောင်ဆလီနာက ၎င်းအနေဖြင့် နောက်ပိုင်းတွင်အနု ပညာအမျိုးအစားတစ်ရပ်မှ အနားယူရန် ရွေးချယ်ရမည်ဆိုလျှင် တေးဂီတထက် သရုပ်ဆောင်အလုပ်ကိုသာ ရွေးချယ်သွားမည်ဟု ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတေးသီချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်စတင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ကမ္ဘာလှည့်ဖျော် ဖြေရေးလုပ်ရတာ တကယ်ကိုပျော်စရာကောင်းခဲ့ပါတယ်။ဒါပေမဲ့ ကျွန်မ တစ်ချိန်တည်းမှာပဲ ရုပ်မြင်သံကြား အစီအစဉ်(Wizards of Waverly Place)မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး  ဒါက အရမ်းပျော်ဖို့ကောင်းတယ်ဆိုတာ သိရှိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မဆက်လုပ်ခဲ့ပေမယ့် ကျွန်မအသက်ကြီးလာလေ ကျွန်မအတွက်ပို အဆင်ပြေပြေအခြေကျမယ့် တစ်ခုခုကို ရှာဖွေသွားဖို့လိုပါတယ်” ဟု SmartLess podcast အစီအစဉ်၌ ပြောကြားခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ကလေး သရုပ်ဆောင်ဟောင်းဖြစ်သည့် ဆလီနာသည် ၎င်း၏ အနုပညာလှုပ်  ရှားမှုအစောပိုင်းအချိန်တွင် စိတ်ကျန်းမာရေးအခြေအနေတစ်ရပ်နှင့် ကြုံတွေ့ခဲ့သည်။

“ကျွန်မစိတ်ကျန်းမာရေးဌာနတစ်ခုကို သွားရောက်ခဲ့ပါတယ်။အဲဒါကြောင့် ကျွန်မရဲ့ကမ္ဘာလှည့်ဖျော် ဖြေရေးအစီအစဉ်တွေထဲကတစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်” ဟုဆလီနာက ပြန်ပြောင်းပြောပြခဲ့သည်။

နောက်ဆုံးအကြိမ်အယ်လ်ဘမ်ထွက်ရှိခဲ့ပြီးနောက် ဂီတလောကမှ အနားယူရန်အကြံပြုချက်နှင့်ပတ်သက်၍ ဆလီနာက“ကျွန်မအတွက် နောက်ထပ်အယ်လ်ဘမ်ရှိနေဦးမယ်လို့ ခံစားရပါတယ်။ဒါပေမဲ့ ကျွန်မသရုပ်ဆောင်ဘက်ကိုပဲ ရွေးချယ်ဖြစ်ဖို့များပါတယ်“ဟုဆက်လက် ပြောကြားခဲ့သည်။

ဂီတနှင့် သရုပ်ဆောင်ပိုင်းနှစ်ခုလုံးကို ဆက်လက်လုပ်ဆောင်ရန် အကြံပြုချက်နှင့်ပတ်သက်၍လည်း ဆလီနာက “မှန်ပါတယ်။ဒါပေမဲ့ ကျွန်မပင်ပန်းလို့ အေးအေးဆေးဆေး အနားယူချင်ပါတယ်”ဟု၄င်းက ပြန်လည်ဖြေကြားခဲ့သည်။

Rare Beauty  ကုန်အမှတ်တံ ဆိပ်တည်ထောင်သူ ဆလီနာကသူသည် Wizards of Waverly Place အတွက် ရုပ်ရှင် theme tune ကို အသံသွင်းခဲ့သည့်အချိန်မတိုင်မီအထိ အဆိုတော်တစ်ဦးဖြစ်ရန် အမှန် တကယ်ရည်ရွယ်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

“ဟုတ်ပါတယ်။ဒစ်စနီပါ။ကျွန်မကို သီချင်းဘယ်လိုဆိုရမလဲဆိုတာ သိစေခဲ့တယ်။အဲဒါကြောင့် အစီအစဉ်ရဲ့ theme song ကို သီဆိိုနိုင်ခဲ့တာဖြစ်ပါတယ်”ဟုဆလီနာက ပြောကြားခဲ့သည်။

“ကျွန်မအရမ်းကောင်းတဲ့ အဆိုတော်လို့မထင်မိပါဘူး။ဒါပေမဲ့ ဇာတ်လမ်းတွေကို ဘယ်လိုပြောပြရမယ်ဆိုတာ ကျွန်မသိပါတယ်။ကျွန်မသီချင်းတွေ ဖန်တီးရတာကိုကြိုက်နှစ်သက်ပါတယ်“ ဟုဆိုသည်။

Most Read

Most Recent