FA ဖလားမှာသာ အောက်တန်းက အသင်းငယ်တစ်သင်းနဲ့ ကစားရမယ်ဆိုရင်၊ ယုတ်စွအဆုံး ပရီးမီးယားလိဂ်က အောက်အသင်းတစ်သင်းနဲ့သာ ရင်ဆိုင်ရမယ်ဆိုရင် လတ်တလော ရှုံးပွဲဆက်နေတဲ့ရလဒ်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ မခက်နိုင်ပေမဲ့ လီဗာပူးလ်လို အင်အားကြီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် အာတီတာအတွက် နားချိန်မရသလို ဖြစ်သွားပါတယ်။ ကြုံ့ထားတဲ့ မျက်မှောင်ကို ဖြည်ချချိန်မရသေးဘူးဆိုပါတော့။ ဒီအချိန်မှာ အာဆင်နယ်အသင်းနဲ့ နည်းပြ အာတီတာအပေါ် ဝေဖန်ထောက်ပြမှုတွေကတော့ အများကြီးပါပဲ။ တန်ရာတန်ရာမမှန်းဘူးလို့ လှောင်ပြောင်ရှုတ်ချသူတွေလည်း အများကြီးပါပဲ။ အပြုသဘောဆောင်တဲ့ ထောက်ပြမှုတွေကတော့ အာဆင်နယ်အသင်းဟာ ပြီးပြည့်စုံတဲ့အသင်းမဟုတ်သေးတာကြောင့် တည်ငြိမ်တဲ့ခြေစွမ်းကို မပြသနိုင်တာဖြစ်ပြီး ပြိုင်ဘက်ဂိုးဧရိယာဘက်မှာရော ကိုယ့်ရဲ့ဂိုးဧရိယာဘက်မှာပါ ဒီထက်တိုးတက်ဖို့၊ ဒီထက်ပိုကောင်းဖို့ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။ အာတီတာကိုယ်တိုင်လည်း ဒီအချက်ကို သိရှိလက်ခံထားကြောင်း ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။
အာတီတာအတွက် ပိုအရေးကြီးတဲ့ပွဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။