အိုဆာဆူနာ နှင့် အယ်မယ်ရီယာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)
အဝေးကွင်းမှာ အယ်မယ်ရီယာပြန်လာနိုင်ဖို့လွယ်ဦးမယ် မထင်ပါဘူး။ အစဉ်အလာမှာလည်း အိုဆာဆူနာကိုမယှဉ်သာလို့ အခုအဝေးကွင်းမှာလည်း သေချာပေါက်ရုန်းကန်ရမှာပါ။ အိုဆာဆူနာနဲ့ ဂိုးအများပဲရွေးထားရမယ့်ပွဲလိုဖြစ်နေတယ်။
ဆီဗီလာ နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၄၅ နာရီ)
ပြီးခဲ့တဲ့နောက်ဆုံး (၄)ပွဲမှာတော့ ဆီဗီလာ အသာရထားတယ်။ ပြီးခဲ့တဲ့ရာသီ ရုန်းကန်နေရချိန်မှာလည်း ဆီဗီလာပဲ အသာရအောင်ကစားနိုင်လို့ ဆန်းချက်ဇ်ပစ်ဟွမ်မှာ ဘီလ်ဘာအိုအခက်တွေ့တာထုံးစံလိုပါပဲ။ ဆီဗီလာနဲ့ ဂိုးအနည်းပဲရွေးမယ်။
လက်စ်ပါမားစ် နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၃းဝ၀ နာရီ)
ဘာစီလိုနာကတော့ ဒဏ်ရာပြဿနာတွေကြားကပဲ လက်စ်ပါမားစ်ကို ရင်ဆိုင်ရပါဦးမယ်။ တန်းတက်လာတဲ့အသင်းတွေထဲ လက်စ်ပါမားစ်ရဲ့ကစားပုံက အငြိမ်ဆုံးလို့ပြောရမှာပါ။ ဘာစီလိုနာ ဂိုးနည်းနည်းနဲ့ပဲ ကပ်နိုင်ဖို့ရှိတယ်။
ခရစ္စတယ်ပဲလေ့စ် နှင့် အဲဗာတန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
အဲဗာတန်အသင်း ရလဒ်တွေကောင်းလာပြီးမှ (၄)ပွဲဆက်တိုက် ပြန်ရှုံးသွားတယ်။ အဲဗာတန်အနေနဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမယ့် အခြေအနေကြောင့် ဖလားပွဲတွေမှာ ဖိဖိစီးစီးကစားနိုင်ပါ့မလား စဉ်းစားစရာပါ။ ခရစ္စတယ်ပဲလေ့စ်ကလည်း ပြိုင်ပွဲစုံ (၈)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားမှုကို ဘရန့်ဖို့ဒ်နဲ့ပွဲကျမှ အဆုံးသတ်ထားနိုင်ခဲ့တယ်။ ခြေစွမ်းပိုင်းမကွာပေမဲ့ အိမ်ကွင်းအားသာချက်က စကားပြောသွားမယ်ထင်တယ်။ ပဲလေ့စ် သာမန်ပွဲချိန်အတွင်း ရှုံးဖို့မရှိပါဘူး။
ဂျူဗင်တပ်စ် နှင့် ဆလာနီတာနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဂျူဗင်တပ်စ်အသင်းရဲ့ One Goal Margin နိုင်ပွဲတွေက အဆုံးသတ်မသွားသေးဘူး။ ဂျူဗင်တပ်စ်အနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး(၁၃)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပေမဲ့ အနိုင်ရခဲ့တဲ့ (၁၀)ပွဲမှာ (၉)ပွဲမှာ ဂိုးကွာခြားချက် (၁)ဂိုးနဲ့သာ နိုင်ပွဲရခဲ့တာဖြစ်တယ်။ နည်းပြ အယ်လီဂရီလည်း ဂိုးသွင်းနှုန်းကျဆင်းမှု ပြ ဿနာကို မဖြေရှင်းနိုင်သေးဘဲ ပုံမှန်ပွဲထွက်နေကျ ဗလာဟိုဗစ်- ခီယေဆာ အတွဲအစား ဆယ်ကျော်သက်တိုက်စစ်ကစားသမား ယီလ်ဒစ်ဇ်ကို နှစ်ပွဲဆက်တိုက် ပွဲထုတ်ထားတာ တွေ့ရတယ်။ စီးရီးအေမှာ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ ဆလာနီတာနာအသင်း နောက်ဆုံး(၂)ပွဲမှာ အေစီမီလန်ကို သရေကစားပြီး ဗီရိုနာကို အနိုင်ကစားခဲ့လို့ ယုံကြည်မှုတော့ ပြန်ရှိလာသလိုပါပဲ။ ဒါပေမဲ့ ဆလာနီတာနာက စီးရီးအေဘက်ကို ပိုအာရုံရောက်နေနိုင်ပါတယ်။ ဂျူဗင်တပ်စ်ကိုပဲ ရွေးချင်တယ်။















