ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် Boxing Day ပွဲမှာလည်း နော်တင်ဟမ်က နယူးကာဆယ်ကို အဝေးကွင်းမှာ (၃)ဂိုးသွင်းပြီး နိုင်ခဲ့ပါတယ်။ နယူးကာဆယ်က ၂၀၂၂၊ သြဂုတ်လမှာ မန်ချက်စတာစီးတီးကို (၃)ဂိုး ပေးပြီးနောက်ပိုင်း အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ ပထမဆုံးအကြိမ် (၃)ဂိုး ပြန်ပေးခဲ့ရတာပါ။ ဒါတောင် အဲဒီပွဲမှာ မန်စီးတီး အနိုင်မရခဲ့ဘဲ (၃)ဂိုးစီ သရေကျခဲ့တာပါ။ နော်တင်ဟမ်က တစ်နှစ်ခွဲအတွင်း နယူးကာဆယ်ကွင်းမှာ (၃)ဂိုးသွင်းပြီး အနိုင်ရတဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့တာပါ။ ဒါ့အပြင် နော်တင်ဟမ်အတွက် အသင်းသမိုင်းတစ်လျှောက် (၂၁)ရာစုအတွင်း ပရီးမီးယားလိဂ် အဝေးကွင်းမှာ (၃)ဂိုး သွင်းနိုင်တဲ့ ပထမဆုံးပွဲစဉ် ဖြစ်ခဲ့ပါတယ်။ နော်တင်ဟမ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ (၅)ပွဲ ရထားပြီး အဲဒီထဲက (၂)ပွဲကို နည်းပြသစ် နူနိုဆန်တိုလက်ထက်ကျမှ ရခဲ့တာ ဖြစ်ပါတယ်။
နူနိုဆန်တိုနဲ့ နော်တင်ဟမ်ရဲ့ ပြောင်းလဲမှု
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















