၂၀၂၃ ခုနှစ်အတွင်း အလှမယ်ပြိုင်ပွဲကျင်းပမှု များပြားလာခြင်းနှင့်အတူ Miss Grand International ပြိုင်ပွဲတွင် 1 st Runner Up ရရှိသည်အထိ အောင်မြင်ခဲ့သော အလှမယ် နီနီလင်းအိမ်

၂၀၂၃ ခုနှစ်အတွင်း အလှမယ်ပြိုင်ပွဲကျင်းပမှု များပြားလာခြင်းနှင့်အတူ Miss Grand International ပြိုင်ပွဲတွင် 1 st Runner Up ရရှိသည်အထိ အောင်မြင်ခဲ့သော အလှမယ် နီနီလင်းအိမ်
Published 2 January 2024

၂၀၂၃ ခုနှစ်အတွင်း အလှမယ် ရွေးချယ်ရေး Miss ပြိုင်ပွဲများကျင်းပမှု များပြားလာခဲ့သည်။

ထိုသို့များပြားလာခြင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြရာ Miss Grand International 2023 ပြိုင်ပွဲတွင် အလှမယ် နီနီလင်းအိမ်သည်  1 st Runner Up ရရှိသည့်အထိ အောင် မြင်မှုရရှိကာ ပရိသတ်အားပေးမှုလည်း များပြားခဲ့ပြီး ယခုနှစ်အတွက် ထင်ရှားသည့်ဖြစ်ရပ်တစ်ခုဟု ဆိုရ မည်ဖြစ်သည်။

၁၁ ကြိမ်မြောက် ကျင်းပခဲ့သည့် Miss Grand International 2023 ပြိုင်ပွဲကို  ဗီ ယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ တွင် အောက်တိုဘာ ၃ ရက်မှ စတင်ကျင်းပခဲ့ပြီး  Grand Final ကို အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပ ခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သော အလှမယ် နီနီလင်းအိမ်သည် Country!s Power  of the Year 2023၊ Miss Popular Vote Winner ၊ Miss Grand International Pageant Insider Winner-MGI 2023၊ Global Beauties Miss Photogenic 2023  ဆုများ အသီးသီးရရှိခဲ့သည်။

ထို့ပြင် Best National Costume၊ Best in Swimsuit ဆုတို့တွင်လည်း Top Ten 10  စာရင်းဝင်ခဲ့ပြီး အလှမယ်နီနီလင်းအိမ်သည် Country!s Power of the Year 2023ဆုကို အိမ်ရှင် ဗီယက်နမ်အလှမယ် ဖြစ်သူ LE HOANG PHUONG နှင့် နောက်ဆုံးယှဉ်ပြိုင်ခဲ့ရပြီး Top 20 စာရင်းဝင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် Miss Popular Vote winner  ဆု ဆုထပ်မံရရှိခဲ့ပြီး Grand Final တွင် Top Ten 10 စာရင်းဝင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ Top Ten 5 Finalist သို့ ရောက်ရှိခဲ့ပြီး နောက်ဆုံးတွင် ပီးရူးနိုင်ငံအလှမယ် Luciana Fuster နှင့်ယှဉ်ပြိုင်ခဲ့ပြီး 1 st Runner Upဆုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း၌ အလှမယ်ပြိုင်ပွဲများ ပြန်လည်ကျင်းပလာခဲ့ပြီး လူသိများထင်ရှားသည့် Miss Universe၊ Miss World၊ Miss International၊ Miss Earth၊ Miss Grand International၊ Miss Intercontinental စသည့် အလှမယ်ရွေး ချယ်ရေးပြိုင်ပွဲများ အသီးသီးကျင်းပခဲ့ကြသည်။

ထိုသို့ပြိုင်ပွဲများမှ Winner ဆုရှင် အလှမယ်များကိုလည်း နိုင်ငံတကာတွင် ကျင်းပသည့် အဆိုပါ  အလှ မယ်ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

EI Salvador နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၇၂ ကြိမ်မြောက် Miss Universe 2023 ပြိုင်ပွဲတွင် Miss Universe Myanmar 2023 ဆုရှင် အလှမယ် အမရာဘိုက မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၆၁ ကြိမ်မြောက် Miss International 2023  ပြိုင်ပွဲတွင် မြန်မာ နိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မည့် အလှမယ် အိအိမြင့်အောင်သိန်းက လည်းကောင်း၊ အီဂျစ်နိုင်ငံတွင် ကျင်း ပခဲ့သည့် ၅၁ ကြိမ်မြောက် Miss Intercontinental  2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် နန်းစံဖောင်ကလည်းကောင်း သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Most Read

Most Recent