အင်တာမီလန်ထက် မန်ယူ အင်အားပိုကြီးသည်ဟု အိုနာနာ ပြောကြား

အင်တာမီလန်ထက် မန်ယူ အင်အားပိုကြီးသည်ဟု အိုနာနာ ပြောကြား
Published 1 January 2024

မန်ယူအသင်း၏ ဂိုးသမား အိုနာနာက အသင်းဟောင်း အင်တာမီလန်ကို ချစ်ခင်နေဆဲဖြစ်သော်လည်း မန်ယူအသင်းက အင်တာမီလန်ထက် ပိုမိုအင်အားကြီးမားသည်ဟု Sky Sports Italia နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့သည်။

ကင်မရွန်းလက်ရွေးစင်ဂိုးသမား အိုနာနာ(၂၇ နှစ်)သည် ၂၀၂၂ နွေရာသီတွင် အေဂျက်စ်အသင်းမှ အင်တာမီလန်သို့ ပြောင်းရွှေ့ ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ နွေရာသီတွင် မန်ယူအသင်းထံ ယူရိုသန်း(၅၀)ဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

မန်ယူအသင်းတွင် အမှားအယွင်းများမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းကိုလည်း အိုနာနာက ပရိသတ်များ၏ မျှော်လင့်ချက်ကြီးမားမှုကြောင့်ဟု ဆိုခဲ့သည်။ "လူတွေက ကျွန်တော့်ဆီက အများကြီးမျှော်လင့်ထားတာကြောင့် အခုလို ဝေဖန်ပြစ်တင်မှုတွေ ရှိနေတာပါ။ ကျွန်တော့်အတွက် ဒါဟာ ပြဿနာမဟုတ်ပါဘူး။ အင်တာမီလန်မှာလည်း ဝေဖန်မှုတွေနဲ့ စတင်ခဲ့ပြီး ချစ်ခြင်းနဲ့ အဆုံးသတ်နိုင်ခဲ့တာပါ။ အကောင်းနဲ့အဆိုး အခိုက်အတန့်တွေက ထာဝရမတည်မြဲပါဘူး"ဟု အိုနာနာက ဆိုခဲ့သည်။

Most Read

Most Recent