MNDAA၊ TNLA၊ AA တို့၏ တိုက်ခိုက်မှုများအပေါ် အားပေး ထောက်ခံမှုရှိ မရှိနှင့်ပတ်သက်၍  နှစ်နိုင်ငံ၏ ခင်မင်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်မှုမှန်သမျှသည် ထောက်ခံမှုရရှိမည် မဟုတ်သကဲ့သို့ အောင်မြင်မှု ရရှိမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်း ပြောကြား

MNDAA၊ TNLA၊ AA တို့၏ တိုက်ခိုက်မှုများအပေါ် အားပေး ထောက်ခံမှုရှိ မရှိနှင့်ပတ်သက်၍  နှစ်နိုင်ငံ၏ ခင်မင်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်မှုမှန်သမျှသည် ထောက်ခံမှုရရှိမည် မဟုတ်သကဲ့သို့ အောင်မြင်မှု ရရှိမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်း ပြောကြား
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်း
Published 30 November 2023

MNDAA၊ TNLA၊ AA တို့၏ တိုက်ခိုက်မှုများအပေါ် အားပေး ထောက်ခံမှုရှိ မရှိနှင့်ပတ်သက်၍  နှစ်နိုင်ငံ၏ ခင်မင်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်မှုမှန်သမျှသည် ထောက်ခံမှုရရှိမည် မဟုတ်သကဲ့သို့ အောင်မြင်မှု ရရှိမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်းက ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဝမ်ပင်ပင်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် အေပီသတင်းဌာနက  တရုတ်နိုင်ငံအစိုးရသည် ရှမ်းပြည်နယ်၌ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိုးစစ်ကို အားပေးနေသည်ဟု မြန်မာအစိုးရထောက်ခံသူများက ပြောနေကြောင်း၊ ယင်းထင်မြင်ချက်ကြောင့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံအား ကန့်ကွက်မှုပင် ရှိနေသည်ဟုဆိုကြောင်း၊ တရုတ်က တိုက်ခွင့်ပေးလိုက်မည်ဆိုပါက တိုက်ပွဲဖြစ်လာနိုင်သည်ဟုပင် ကျွမ်းကျင်သူများက‌ ပြောနေကြောင်း၊ တရုတ်က ညီနောင်မဟာမိတ်(MNDAA၊ TNLA၊ AA)ကိုလည်ကောင်း၊မြန်မာနိုင်ငံက ၎င်းတို့၏ထိုးစစ်ကိုလည်းကောင်း ထောက်ခံခြင်းရှိ မရှိ ထည့်သွင်းမေးမြန်းခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်းက'' တရုတ်နှင့်မြန်မာသည် ရင်းနှီးသော အိမ်နီးချင်းများဖြစ်ပါတယ်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို  အစဉ်အမြဲ လေးစားပါတယ်၊ တရုတ်နိုင်ငံသည်မြန်မာနိုင်ငံ၌ တည်ငြိမ်ရေးနှင့်ဖြစ်ထွန်မှုတို့ကို ရိုးသားစွာ မျှော်လင့်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တက်လှမ်း‌ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကို ခိုင်မာစွာ ထောက်ခံပါတယ်။ မိမိတို့နှစ်နိုင်ငံ၏ ပေါက်ဖော် ခင်မင်ရင်းနှီးမှု ပျက်ပြားအောင်လုပ်ဆောင်မှု သို့မဟုတ် အားနည်းအောင် လုပ်ဆောင်မှုမှန်သမျှသည် ထောက်ခံမှုရရှိမည် မဟုတ်သလို အောင်မြင်မှု ရရှိမှာမဟုတ်ပါဘူး''ဟု ပြောကြားသည်။

လတ်တလောတွင် တရုတ်တပ်မတော်(ရေ)မှ ရေတပ်စစ်သဘေ်ာသုံးစင်းနှင့် တပ်ဖွဲ့ဝင် ၇၀၀ ကျော်သည် မြန်မာ့တပ်မတော်(ရေ)နှင့် ပူးတွဲ၍ ပင်လယ်ပြင်လေ့ကျင့်ရေးပြုလုပ်ရန် ရန်ကုန်မြို့သို့ရောက်ရှိနေသည်။

ထို့အတူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွင် တိုက်ပွဲဖော်ဆောင်၍ တပ်မတော်တပ်စခန်းများနှင့် လုံခြုံရေးစခန်းများကို တိုက်ခိုက်မှုတွင် “၀” အဖွဲ့အနေဖြင့် မည်သည့်ဘက်ကမျှ ပါဝင်မည်မဟုတ်ကြောင်း ကြေညာထားသော်လည်း UWSA စစ်သားများက ယူနီဖောင်းလဲ၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့များဘက်မှ ဝင်တိုက်ပေးနေသည်ဆိုသော ပြောဆိုရေးသားမှုများ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိရာ ၎င်းတို့ '' ဝ'' အဖွဲ့အနေဖြင့်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်မှ ပါဝင်ပတ်သက် တိုက်ခိုက်ခြင်းမျိုးမရှိဘဲ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြစ်ကြောင်း UWSA လားရှိုးဆက်ဆံရေးတာဝန်ခံဦးညီရမ်းက နိုဝင်ဘာ ၂၉ ရက်တွင် Eleven Media ကိုပြောကြားထားသည်။

“ဗဟိုကအတိအလင်းထုတ်ပြန်ပြီးသားပါ။ ပါဝင်ပတ်သက်မှုမရှိပါ။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါပဲ” ဟု UWSP/UWSA လားရှိုးရုံးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောကြားသည်။



မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးတစ်ရပ်ကိုစတင်ပြုလုပ်ခဲ့ပြီး လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင်ဒေသများတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များက မန္တလေး-လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော်-လောက်ကိုင် ပြည်ထောင်စုလမ်းမပေါ်တွင် တံတားများဖောက်ခွဲဖျက်ဆီးထားပြီး လမ်းသားများဖြတ်တောက်ခြင်းများပြုလုပ်ထားသည့်အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်လျက်ရှိသည်။

Most Read

Most Recent