ဆွီဒင် နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိစ္စကို သီတင်းပတ် အနည်းငယ်အတွင်း တူရကီက အတည်ပြုပေးမည်

ဆွီဒင် နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိစ္စကို သီတင်းပတ် အနည်းငယ်အတွင်း တူရကီက အတည်ပြုပေးမည်
Published 29 November 2023
Ref: AFP

တူရကီသည် ဆွီဒင်၏နေတိုးအဖွဲ့ဝင် ဖြစ်ရေးကိစ္စကို သီတင်းပတ်အနည်းငယ်အတွင်း အတည်ပြုလိမ့်မည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးက ကတိပေးခဲ့ကြောင်းနိုဝင်ဘာ ၂၉ ရက်တွင် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ 

တူရကီနှင့်ဟန်ဂေရီတို့သည် နေတိုးအဖွဲ့ဝင်ဖြစ်ရေးအတွက် ဆွီဒင် ၏ကြိုးပမ်းမှုကို အတည်မပြုသေးသည့် နေ တိုးအဖွဲ့ဝင်နိုင်ငံများအဖြစ်ရှိနေသည်။ 

ဆွီဒင်သည် နေတိုးအဖွဲ့ဝင်ဖြစ်ရန် လျှောက်ထား သည်မှာ အချိန် ၁၈ လရှိပြီဖြစ်သည်။ 

ဆွီဒင် ကို နေတိုးအဖွဲ့ဝင်အဖြစ် သီတင်းပတ်အနည်း ငယ်အတွင်း တူရကီကအတည်ပြုပေးမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒင်က ကတိပေးခဲ့ကြောင်း ဆွီဒင်နိုင်ငံခြားရေးဝန် ကြီးတိုဘီးယက်စ်ဘီလ်စထရွန်းက ဘရပ်ဆဲလ်တွင်ကျင်းပသော နေတိုးအစည်းအဝေးတွင် ပြောကြားခဲ့သည်။ “ဒီကိစ္စ ပြီးမြောက် သွားစေဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါ တယ်။ အခု ဆွေးနွေးတဲ့ကိစ္စမှာလည်း တောင်းဆိုချက်အသစ်တွေ တင်ပြလာတာ မရှိပါဘူး။  တူရကီအစိုးရထံက တောင်းဆို ချက်အသစ်တွေလည်းမရှိပါဘူး” ဟု ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ တူရကီပါလီမန်က ဆွီဒင်ကိစ္စကို ယခုလတွင် စတင်ဆွေးနွေးခဲ့သည်။               



 

Most Read

Most Recent