ဂါဇာ ကျန်းမာရေးစနစ်ကိုမပြင်ပါက ဂါဇာ၌ လူအများအပြား ရောဂါဖြင့်သေဆုံးနိုင်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောကြား

ဂါဇာ ကျန်းမာရေးစနစ်ကိုမပြင်ပါက ဂါဇာ၌ လူအများအပြား ရောဂါဖြင့်သေဆုံးနိုင်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောကြား
ဂါဇာကမ်းမြောင် တောင်ပိုင်း ခန်းယူနစ်၌ ပါလက်စတိုင်းကလေးနှစ်ဦး  မီးဖိုဘေးတွင် ထိုင်နေပုံကို နိုဝင်ဘာ ၂၇ ရက်တွင် တွေ့ရစဉ် - Photo: Reuters
ဂါဇာကမ်းမြောင် တောင်ပိုင်း ခန်းယူနစ်၌ ပါလက်စတိုင်းကလေးနှစ်ဦး မီးဖိုဘေးတွင် ထိုင်နေပုံကို နိုဝင်ဘာ ၂၇ ရက်တွင် တွေ့ရစဉ် - Photo: Reuters
Published 29 November 2023
Ref: Reuters

ဂါဇာကမ်းမြောင်၏ ကျန်းမာရေးစနစ်ကို ပြင်ဆင်ခြင်းမပြုပါက ဂါဇာတွင် နောက်ထပ်လူအများအပြားသည် ဗုံးကြဲတိုက်ခိုက်မှုများကြောင့်သေဆုံးခြင်းထက်ရောဂါကြောင့် ပိုမိုသေဆုံးသွားနိုင်သည်ဟု နိုဝင်ဘာ ၂၈ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဂါဇာကို အစ္စရေး၏ဗုံးကြဲတိုက်ခိုက်မှု များကြောင့် လူ ၁၅,၀၀၀ ကျော်သေဆုံးသည် ဟု အတည်ပြုထားကြောင်း ကုလသမဂ္ဂက ယုံကြည်သည်ဟု ယူဆရသော ဂါဇာကျန်းမာ ရေးအာဏာပိုင်များက ပြောကြားသည်။  သေ ဆုံးသူများထဲက ၄၀ ရာခိုင်နှုန်းသည် ကလေးများဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် နောက်ထပ် သေဆုံးသူအများအပြားသည် အပျက်အစီးများအောက်တွင် ပျောက်နေသည်ဟု ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်၏ စီးနင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေ ဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်အားအပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် ဂါဇာကမ်းမြောင်ထဲသို့ အစ္စရေးစစ်သားများ  ဝင်ရောက်လျက်ရှိသည့် မြေပြင်ထိုးစစ်ကို လုပ်ဆောင်ခဲ့သည်။ ဂါဇာတွင်လူတစ် သောင်းကျော်သေဆုံးထားသည်ဟုပါလက် စတိုင်းကျန်းမာရေးတာဝန်ရှိသူများက ပြော ကြားသည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို နယ်စပ်ဖြတ်ကျော် စီးနင်းတိုက် ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးတွင် လူ ၁,၂၀၀ ဝန်းကျင်သေဆုံးခဲ့သည်။ ယင်းသေဆုံးသူအ များစုမှာ အစ္စရေးအရပ်သားများဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် အစ္စရေးနိုင်ငံသားများ နှင့်နိုင်ငံခြားသားများသည် ဓားစာခံများအ ဖြစ် ဂါဇာသို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

“ဒီကျန်းမာရေးစနစ်ကို ပုံမှန်အနေအ ထားပြန်ရောက်အောင် ကျွန်မတို့ အတူတကွ မလုပ်နိုင်ဘူးဆိုရင် ဗုံးကြဲတိုက်ခိုက်တာ ကြောင့် သေတဲ့သူတွေထက် ရောဂါကြောင့် သေတဲ့သူတွေပိုများတာကို နောက်ဆုံးမှာ ကျွန်မတို့မြင်ကြရပါလိမ့်မယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ မာဂရက်ဟားရစ်က ဂျနီဗာ သတင်းစာရှင်းလင်းပွဲတွင်ပြောကြား ခဲ့သည်။

ကူးစက်ရောဂါဖြစ်ပွားမှု အထူးသဖြင့်  ဝမ်းလျှောရောဂါများဖြစ်ပွားမှု မြင့်တက်လာ ခြင်းကို စိုးရိမ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဂါဇာမြောက်ပိုင်း၌ နေရပ်ရွှေ့ပြောင်းသူ များ၏ နေထိုင်မှုအခြေအနေနှင့်စပ်လျဉ်း သော ကုလသမဂ္ဂအစီရင်ခံစာတစ်ခုကို ကိုး ကားပြောဆိုရာတွင် မာဂရက်ဟားရစ်က       “ဆေးဝါးတွေ မရှိပါဘူး။ ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားဆောင်ရွက်တာတွေမရှိ ပါဘူး။ အန္တရာယ်ကင်းတဲ့ရေ မရပါဘူး။ပတ် ဝန်းကျင်သန့်ရှင်းမှုမရှိပါဘူး။ အစားအစာ လည်းမရ ကြပါဘူး။ နို့စို့အရွယ် ကလေးတွေ ဝမ်းလျှောတာ အလွန်များလာတာကို ကျွန်မ တို့မြင်ရပါ တယ်” ဟု ပြောကြားခဲ့သည်။

ဂါဇာမြောက်ပိုင်း၌  အယ်လ်ရှီဖာဆေးရုံ ပြိုလဲမှုသည် အလ ွန်ဆိုးရွားပြီး ယင်းဆေးရုံ၏ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအချို့ကို အစ္စရေး တပ်ဖွဲ့များက ထိန်းသိမ်းထားခြင်းနှင့်ပတ် သက်၍ စိုးရိမ်သည်ဟု WHO ကယ်ဆယ်ရေး ယာဉ်တန်းဖြင့် လိုက်ပါလာချိန်တွင် မာဂရက် ဟားရစ်က ပြောကြားခဲ့သည်။

ဂါဇာဆေးရုံများတွင် စစ်ပွဲကြောင့် ဒဏ်ရာရှိသောကလေးများနှင့် ညစ်ပတ်သော ရေကို သောက်ခြင်းကြောင့် အစာအိမ်နှင့်အူ ရောင်နေသော ကလေးများဖြင့် ပြည့်နေ သည်ဟု ဂါဇာရှိ ကုလသမဂ္ဂကလေးများ အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းအယ်လ်ဒါ က ဗီဒီယိုလင့်ခ်မှတစ်ဆင့် သတင်းထောက် များကို ပြောကြားခဲ့သည်။

“ကျွန်တော်ဟာ မိဘအများအပြားနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့ကလေးတွေ လို အပ်နေတဲ့အရာကို သူတို့ တိတိကျကျသိထား ကြပါတယ်။ သူတို့ဟာ ဘေးကင်းတဲ့ရေကို မရကြပါဘူး။ ဒါဟာ သူတို့ကို အကြီးအကျယ် ထိခိုက်စေပါတယ်” ဟု ၎င်းက ပြောသည်။ခြေထောက်တစ်ဘက်မရှိတော့သည့် ကလေး သည် ကုသပေးမည့် ဆရာဝန်မရှိသော ကြောင့် ဆေးရုံကြမ်းပြင်တွင် အကြာကြီးနေ နေရသည်ဟု ဆိုသည်။          

Most Read

Most Recent