ဆီ်းရီးယား၏ ဒမတ်စကတ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အစ္စရေးတို်က်ခိုက်မှုသည် တမင်ဆွသော လုပ်ရပ်ဖြစ်သည်ဟု ရုရှား ဝေဖန်ရှုတ်ချ

ဆီ်းရီးယား၏ ဒမတ်စကတ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အစ္စရေးတို်က်ခိုက်မှုသည် တမင်ဆွသော လုပ်ရပ်ဖြစ်သည်ဟု ရုရှား ဝေဖန်ရှုတ်ချ
မော်စကိုသတင်းစာရှင်းလင်းပွဲ၌ ဒမတ်စကတ်လေဆိပ်ကို အစ္စရေးတိုက်ခိုက်မှုအား ရှုတ်ချကြောင်းပြောကြားနေသည့် ဇာခါရိုဗာကို နိုဝင်ဘာ ၂၇ ရက်တွင် တွေ့ရစဉ် (Ref: AFP)
မော်စကိုသတင်းစာရှင်းလင်းပွဲ၌ ဒမတ်စကတ်လေဆိပ်ကို အစ္စရေးတိုက်ခိုက်မှုအား ရှုတ်ချကြောင်းပြောကြားနေသည့် ဇာခါရိုဗာကို နိုဝင်ဘာ ၂၇ ရက်တွင် တွေ့ရစဉ် (Ref: AFP)
Published 28 November 2023

ဆီးရီးယားနိုင်ငံ၏ မဟာမိတ်ရုရှားက ဒမတ်စကတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အစ္စရေး၏ ဝေဟင်တိုက်ခိုက်မှုများအား နိုဝင်ဘာ ၂၇ ရက်တွင် ဝေဖန်ရှုတ်ချလိုက်ပြီး ယင်းလုပ်ရပ်သည် တမင်ဆွပေးသော အန္တရာယ်များသော လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၆ ရက် တိုက်ခိုက်မှုများသည် ဂါဇာစစ်ပွဲဖြစ်ပွားလျက်ရှိသည့် ဒေသတွင်းတင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သည်ဟု  ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိရ အမျိုးသမီး မာရီယာဇာခါရိုဗာက ပြောကြားခဲ့သည်။

“အရေးကြီးတဲ့ ဆီးရီးယားအရပ်ဘက်အဆောက်အအုံကို အစ္စရေးရဲ့နောက်ဆုံး တိုက်ခိုက်မှုကို ကျွန်မတို့ ပြင်းထန်စွာ ရှုတ်ချပါတယ်”ဟု ဇာခါရိုဗာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီလို ဆိုးရွားတဲ့ လုပ်ရပ်ဟာ အထူးသဖြင့် ပါလက်စတိုုင်း-အစ္စရေး ပဋိပက္ခမှာ ဆိုးရွားတဲ့ အခြေအနေရဲ့အဆက်အစပ်အရလည်းကောင်း၊ ဒေသတွင်းတင်းမာမှု တိုးလာတဲ့ အကျိုးဆက်အရလည်းကောင်း တော်တော်လေးအန္တရာယ်များတဲ့ နောက် ဆက်တွဲအကျိုးဆက်တွေနဲ့ပြည့်နေပါတယ်”ဟု ၎င်းကပြောကြားသည်။

ရုရှားသည် ၂၀၁၅ ဆီးရီးယားပြည်တွင်းစစ်တွင် သမ္မတဘာရှာအယ်လ်အာဆက်ဘက်မှ ဝင်ပါခဲ့သည်။ ထို့အပြင် ရုရှားသည် အီရန်၊ ဟားမာ့စ်တို့အပါအဝင်ဒေသတွင်း၌ အစ္စရေး၏အခြားသောရန်သူများနှင့်ဆက် ဆံရေးများလည်းရှိထားသည်။

ဂါဇာစစ်ပွဲ စတင်ကတည်းက ရုရှားနှင့် အစ္စရေး ဆက်ဆံရေးများသည် ယိုယွင်းခဲ့သည်။ ရုရှားသည် အစ္စရေး ၀ိုင်းထားခြင်းခံရသည့် ပါလက်စတိုင်း အရပ်သားများ၏ ဒုက္ခကို ထပ်တလဲလဲ အလေးပေးပြောကြားခဲ့ရုံသာ မ အကြီးတန်း ဟားမာ့စ်တာဝန်ရှိသူများ၏ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်တွင် အစ္စရေးဒုံးကျည်များကဆီးရီးယား မြို့တော်ဒမတ်စကတ်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုထိမှန်ခဲ့ရာ လေဆိပ်ကို အသုံးပြု၍မရနိုင်တော့ဟု ဆီးရီးယားအစိုးရပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အစ္စရေးသည် အောက်တိုဘာ ၇ ရက်တွင် ဂါဇာကမ်းမြောင်၌ ဟားမာ့စ်-အစ္စရေး စစ်ပွဲစတင်ဖြစ်ပွားကတည်းက ဆီးရီးယား၏ ဒမတ်စကတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အလက်ပိုအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို တိုက်ခိုက်ခဲ့သည်။

အစ္စရေးသည် ဂိုလန်ကုန်းမြင့်ဘက်မှ ဒုံးကျည်များကို ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသော စစ်ဘက်တာဝန်ရှိသူ၏ ပြောစကားကို ဆီးရီးယားအစိုးရမီဒီယာ SANA က ဖော်ပြခဲ့သည်။ ယင်းဒုံးကျည်များသည် ဒမတ်စကတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်းကောင်း၊ ဒမတ်စကတ် ကျေးလက် ဒေသရှိ အခြားနေရာများကိုလည်းကောင်း ထိမှန်ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု ဆိုသည်။ သေကျေထိခိုက်ဒဏ်ရာရသည့် သတင်းများကို ချက်ချင်းမရရှိသေးဟု သိရသည်။

ဆီးရီးယားနိုင်ငံ၏လေဆိပ်ကြီးနှစ်ခုသည် လေယာဉ်များအတက်အဆင်းလုပ်၍မရတော့ဟုဆီးရီးယား အစိုးရရုပ်သံကသတင်းဖော်ပြခဲ့ပြီး အစ္စရေးသည် ဆီးရီးယားလေဆိပ်ကြီးနှစ်ခုကို အောက်တိုဘာလထဲတွင် နှစ်ကြိမ်၊ နိုဝင်ဘာလထဲတွင် တစ်ကြိမ်တိုက်ခိုက်ခဲ့သည်။                   

Ref: Reuters

Most Read

Most Recent