■ ယုံကြည်မှုတွေအတွက် ဗဟိုချက်ဖြစ်လာမယ့် El Clásico စီးချင်း     

■ ယုံကြည်မှုတွေအတွက် ဗဟိုချက်ဖြစ်လာမယ့် El Clásico စီးချင်း     
Photo: Opta
Photo: Opta
Published 27 October 2023
Phoe Thar

(၂၁)ရာစုဘောလုံးကမ္ဘာရဲ့ အခမ်းနားဆုံးနဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့တဲ့ El Clásico ဟာ သက္ကရာဇ်များစွာဖြတ်သန်းခဲ့ပြီး ကစားသမားမျိုးဆက်တွေအဆင့်ဆင့်ပြောင်းလဲခဲ့ပြီးနောက်မှာတော့ လက်ရှိအချိန်ဟာ El Clásico ရဲ့ အရှိန်အဝါနဲ့ ပုံရိပ်အမှေးမှိန်ဆုံး ကာလလို့ဆိုရမှာပါ။ အထူးသဖြင့် ဘာစီလိုနာရဲ့ MSN  တိုက်စစ်အတွဲနဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ BBC တိုက်စစ်အတွဲတို့ အားပြိုင်ခဲ့ကြတဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်းမှာ El Clásico ရဲ့ ပြိုင်ဆိုင်မှုပါ၀ါက ကိန်းခန်းအကြီးမားဆုံးအချိန်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့  ၂၀၂၃ နွေရာသီအပြောင်းအရွှေ့မှာတော့ ဘန်ဇီမာ ရီးယဲလ်ကို စွန့်ခွာသွားခြင်းနဲ့အတူ MSN နဲ့ BBC တိုက်စစ်အတွဲ အပြီးတိုင်တစ်ခန်းရပ်သွားခဲ့ပြီး ဒီတစ်ကြိမ်တွေ့ဆုံမယ့် El Clásico ဟာ ၂၀၀၅ ခုနှစ် နောက်ပိုင်း (၁၈)နှစ်အတွင်း MSN နဲ့ BBC ကစားသမား တစ်ဦးမှမပါဝင်တဲ့ ပထမဆုံး El Clásico အဖြစ် မှတ်တမ်းဝင်ပါလိမ့်မယ်။

 

Most Read

Most Recent