ဆင်းမ်ကတ်များ ဝယ်ယူရာတွင် Register ပြုလုပ်ထားပါက အရေးကြီးမှုခင်းများ ဖြစ်လာသည့်အခါ သက်ဆိုင်ရာ အော်ပရေတာများထံ အကူအညီတောင်းခံနိုင်

ဆင်းမ်ကတ်များ ဝယ်ယူရာတွင် Register ပြုလုပ်ထားပါက အရေးကြီးမှုခင်းများ ဖြစ်လာသည့်အခါ သက်ဆိုင်ရာ အော်ပရေတာများထံ အကူအညီတောင်းခံနိုင်
Published 16 February 2016
စောရည်နန္ဒာ

တယ်လီနော၊ အူရီဒူး၊ MPT စသည့် အော်ပရေတာများထံမှ ဆင်းကတ်များ ဝယ်ယူရာတွင် Register ပြုလုပ်ထားပါက မှုခင်းများ ဖြစ်ပေါ်လာသည့်အခါတွင် သက်သေခိုင်လုံစွာ ပြသနိုင်ပါက သက်ဆိုင်ရာ အော်ပရေတာများထံ၌ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အကူအညီများ တောင်းခံနိုင်ပြီး အော်ပရေတာများအနေဖြင့်လည်း ခိုင်လုံသည့် သက်သေအထောက်အထားများ ပြသနိုင်မှသာ အကူညီ ပေးသွားနိုင်မည်ဖြစ်ကြောင်း ၁၅-၂-၂၀၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် တယ်လီနော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ဆင်းမ်ကတ် ဝယ်ယူအသုံးပြုသူများ အနေဖြင့် ဆင်းကတ်များ ဝယ်ယူသည့်အခါတွင် မှတ်ပုံတင်နှင့်တကွ Register ပြုလုပ်ထားသင့်ကြောင်း တယ်လီနောက ပြောကြားသည်။ မှုခင်းများ ဆိုသည့်မှာ လူသတ်မှု၊ လူကုန်ကူးမှုနှင့် မုဒိမ်းမှု စသည့် အရေးကြီးသည့် မှုခင်းများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ အော်ပရေများထံတွင် သက်ဆိုင်သူ တာဝန်ရှိသူများက သွားရောက် အကူညီ တောင်ခံနိုင်ကြောင်း သိရသည်။“ဆင်းမ်ကတ်များ ဝယ်တဲ့အခါမှာ ဘယ်အော်ပရေတာကပဲ ဝယ်ဝယ် Register လုပ်ထားရင်တော့ ကိုယ့်လုံခြုံရေးအတွက်လည်း စိတ်ချရတယ်။ တကယ်လို့ မှုခင်းတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့မယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကလည်း သက်သေကို ခိုင်လုံစွာ ပြနိုင်မယ်ဆိုရင် ကျွန်တော်စီအီးအိုကိုယ်တိုင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြစ်မှုကျူးလွန်သူတွေရဲ့ အချက်အလက်တွေကို အကူအညီတွေ ပြန်ပေးသွားလို့ ရပါတယ်။ အရမ်းကို အရေးကြီးတဲ့ မှုခင်းမျိုးကိုသာ ကူညီပေးနိုင်ပါတယ်။တစ်ဖက်ကလည်း ဖုန်းသုံးစွဲသူရဲ့လုံခြုံရေးကို ထိန်းပေးထားရပါတယ်”ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာပီတာဖားဘတ်က ပြောကြားသည်။နောက်ပိုင်း ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များကို အလွယ်တကူ ဝယ်ယူလာနိုင်ကြပြီး မှုခင်များဖြစ်ပေါ်လာပါကလည်း မိုဘိုင်းဖုန်းများမှ တစ်ဆင့် ခြေရာခံလိုက်နိုင်သည့်အတွက် ဆင်းမ်ကတ်များ ဝယ်ယူရာတွင် Register ပြုလုပ်ထားပါက ပိုမိုကောင်းမွန်ကြောင်း သိရသည်။ဆင်းမ်ကတ်များ ရောင်းချသည့်ဆိုင်များ အနေဖြင့်လည်း ဆင်းမ်ကတ်များ ရောင်းချရာတွင် ဝယ်ယူသူကိုယ်ရေး အချက်အလက်များကို  Register ပြုလုပ်ပေးထားသင့်ကြောင်း ဆက်လက် ပြောကြားသည်။တစ်နိုင်ငံလုံ အတိုင်းအတာဖြင့် မိုဘိုင်းဖုန်း အသုံးပြုသူပေါင်းမှာ MPT အသုံးပြုသူ ပေါင်း ၁၈ သန်းကျော်၊ တယ်လီနောအသုံးပြု သူပေါင်း ၁၄ သန်းကျော်နှင့် အူရီဒူးအသုံးပြုသူ ပေါင်း ခြောက်သန်းနီးပါး ရှိကြောင်း သိရသည်။                      

Most Read

Most Recent