JICA ချေးငွေချေးပေးရာတွင် ကုမ္ပဏီ မှတ်ပုံတင်ထားနိုင်ခြင်း မရှိသေးသည့် အသေးစား၊ အလတ်စားလုပ်ငန်းများအား ချေးပေးနိုင်ရန် ညှိနှိုင်းထား

JICA ချေးငွေချေးပေးရာတွင် ကုမ္ပဏီ မှတ်ပုံတင်ထားနိုင်ခြင်း မရှိသေးသည့် အသေးစား၊ အလတ်စားလုပ်ငန်းများအား ချေးပေးနိုင်ရန် ညှိနှိုင်းထား
Published 15 February 2016
အေးမြတ်မွန်

အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ချေးပေးသည့် JICA ချေးငွေ ချေးပေးရာတွင် ကုမ္ပဏီမှတ်ပုံတင်ထားနိုင်ခြင်း မရှိသေးသည့် အသေးစား၊  အလတ်စားလုပ်ငန်းများအား ချေးပေးနိုင်ရန် JICA မှ တာဝန်ရှိသူများအား ညှိနှိုင်းထားကြောင်း အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။“JICA ချေးငွေက ကုမ္ပဏီ မှတ်ပုံတင်ထားရမယ်။ နောက်ပြီး ကုမ္ပဏီ မှတ်ပုံတင်ထားတာကလည်း သက်တမ်းတိုးပြီးသား ဖြစ်ရမယ်ဆိုပြီး စည်းကမ်းချက်ပါတယ်။ မှတ်ပုံတင်ထားပြီးသား ကုမ္ပဏီတော်တော်များများက ခိုင်မာပြီးသား ဖြစ်နေတယ်။ တကယ့် မြေပြင်နဲ့ ကပ်နေတဲ့ ကုမ္ပဏီမှတ်ပုံတင်ထားခြင်း မရှိသေးတဲ့ အသေးစားလုပ်ငန်းတွေကိုလည်း ချေးပေးသင့်တယ်လို့ ကျွန်တော်တို့ဘက်ကတော့ JICA ကို တင်ပြထားတယ်။ အမှန်တကယ်က လုပ်ငန်း Plan ကောင်းကောင်း ပြနိုင်တဲ့ တကယ့် အသေးစား၊ အလတ်စား လုပ်ငန်းလေးတွေကို ချေးပေးမယ်ဆိုရင် သူတို့အတွက်လည်း အဆင်ပြေမယ်”ဟု အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။        ယင်းသို့ JICA မှတစ်ဆင့် ချေးယူမည့် ချေးငွေများအတွက် အသေးစားနှင့် အလတ်စား၊ စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်တွင် JICA ချေးငွေဌာနကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ဲှုJICA ၏ ပထမအသုတ် ချေးငွေကို  အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ရန်ကုန်၊ ပဲခူး၊ ရှမ်းပြည်နယ်တို့မှ လုပ်ငန်းရှင် ၁၁ ဦးအား ကျပ်ငါးဘီလျံကို  ကျပ်သိန်း ၄၈၀၀၀ ကျော် ထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။“ JICA ဘက်ကကျတော့  နိုင်ငံတကာစံနှုန်းအရ လုပ်ငန်းသေးလေးတွေက မှတ်ပုံတင်ထားပြီးသားဆိုတော့ သူတို့က အဲဒါကို စည်းကမ်းချက်အနေနဲ့ ထည့်ထားတယ်။ မြန်မာနိုင်ငံမှာကျတော့  အသေးစားလုပ်ငန်းလေးတွေက မှတ်ပုံတင် မထားနိုင်ဘူးလေ။ သူတို့ကို အဲဒါလေးကို ဖြေလျှော့ပေးဖို့ ပြောထားတယ်။ ကျွန်တော်တို့ဘက်ကလည်း တကယ်လိုအပ်နေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းလေးတွေကို ချေးပေးနိုင်ဖို့ ဒီကုမ္ပဏီ မှတ်ပုံတင်ထားရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ဖြေလျှော့ပေးဖို့ ပြောထားတာကိုလည်း သူတို့ဘက်က ပြန်တင်ပြပေးသွားပါ့မယ်လို့တော့ ပြောထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ချေးပေးသည့် JICA ချေးငွေရယူထားသည့် လုပ်ငန်းများကို ပုံမှန်စစ်ဆေးမည်ဖြစ်ကာ လုပ်ငန်းမလုပ်ဆောင်ပါက ငွေပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ချေးငွေချေးယူရာတွင် အစိုးရက အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်သို့ လေးရာခိုင်နှုန်း၊ ဘဏ်က လုပ်ငန်းရှင်များသို့ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်န်းဖြင့် ပြန်လည်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။                           

Most Read

Most Recent