မိုဘိုင်းဖုန်းမှ ငွေကြေးဝန်ဆောင်မှု ပေးနိုင်မည့် Wave Money စနစ် လုပ်ငန်းစတင်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်စောင့်ဆိုင်းနေ

မိုဘိုင်းဖုန်းမှ ငွေကြေးဝန်ဆောင်မှု ပေးနိုင်မည့် Wave Money စနစ် လုပ်ငန်းစတင်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်စောင့်ဆိုင်းနေ
Published 14 February 2016
စောရည်နန္ဒာ

 မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုပေးနိုင်မည့် Wave Money စနစ်အား လုပ်ငန်းစတင်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သိရသည်။မြန်မာနိုင်ငံတွင်း ဘဏ်စာရင်းမရှိသေးသည့် မြောက်များစွာသော ပြည်သူလူထုကို ဆက်သွယ်ပေးနိုင်မည့် မိုဘိုင်းဖုန်းမှ ငွေကြေးဝန်ဆောင်မှုပေးခြင်းနှင့် အကြောင်းအရာများကို တယ်လီနော၏ Net Monday အစီစဉ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ယင်းစနစ်ကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိပြီး ၂၀၁၆ ခုနှစ်၏ ပထမ သုံးလပတ်တွင် လုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံမှာ ဘဏ်နဲ့ ဆက်သွယ်မှု မရသေးတဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပိုမိုရောက်ရှိအောင် လုပ်ဆောင်နိုင်မှာပါ။၂၀၂၀ ပြည့်နှစ်မှာ ၄၀ ရာခိုင်နှုန်းသော ပြည်သူတွေကို ငွေကြေးဝန်ဆောင်မှုပေးနိုင်ဖို့နဲ့  ၁၅ ရာခိုင်နှုန်းထက် ပိုတဲ့လူတွေက ငွေကြေးဝန်ဆောင်မှု ထုတ်ကုန်တွေကို တစ်ခုထက်ပိုပြီး အသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မိုဘိုင်းနည်းပညာက အေးဂျင့်တွေနဲ့ ငွေအလွှဲအပြောင်းလုပ်ပြီး ပြည်တွင်းငွေကြေးဝန်ဆောင်မှု ကျယ်ပြန့်စွာ တိုးတက်လာဖို့အတွက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်”ဟု Wave  Money မှ အမှုဆောင်အရာရှိချုပ် Brad Jones က ပြောကြားသည်။မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများ ပေးနိုင်သည့် Wave Money စနစ်ကို တယ်လီနောနှင့် ရိုးမဘဏ်တို့ ပူးပေါင်းဖွဲ့စည်းထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ကုမ္ပဏီအနေဖြင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။“မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းသုံးစွဲမှု မရှိသေးတဲ့သူတွေကို ဆက်သွယ်ပေးနိုင်အောင် လုပ်ဆောင်နိုင်ခဲ့တာ ကျွန်တော်တို့ နည်းဗျူ ဟာတစ်ခုပါပဲ။ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုက မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်နဲ့ ဆက်သွယ်ခြင်း မရှိသေးတဲ့ လူတွေဆီကို ဆက်သွယ်ပေးနိုင်မယ့် အခြေအနေတစ်ခုပါ။ ဒီဝန်ဆောင်မှုက ရိုးရှင်းပေမယ့် အဓိပ္ပာယ်ရှိတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်”ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr. Furberg က ပြောကြားသည်။ 

Most Read

Most Recent