ဆွီဒင်နိုင်ငံမှ The Kannel Music Production ကုမ္ပဏီနှင့် Forever Music တို့ ပူးပေါင်းကာ မြန်မာ အနုပညာရှင်များ၏ တေးသီချင်းများအား ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်တွင် ဖြန့်ချိနိုင်ရန် ပြင်ဆင်

ဆွီဒင်နိုင်ငံမှ The Kannel Music Production ကုမ္ပဏီနှင့် Forever Music တို့ ပူးပေါင်းကာ မြန်မာ အနုပညာရှင်များ၏ တေးသီချင်းများအား ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်တွင် ဖြန့်ချိနိုင်ရန် ပြင်ဆင်
Published 8 December 2015

ဆွီဒင်နိုင်ငံမှ The Kannel Music Production ကုမ္ပဏီနှင့် Forever Music တို့ ပူးပေါင်းကာ မြန်မာ အနုပညာရှင်များ၏ တေးသီချင်းများအား ပြည်တွင်းနှင့် နိုင်ငံတကာ ဂီတဈေးကွက်တွင် ဖြန့်ချိနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ယင်းအစီအစဉ်တွင် ပါဝင်သည့် တေးရေး မြင့်မိုးအောင်က ပြောကြားသည်။ အဆိုပါ အစီအစဉ်တွင် ပထမဆုံး ခြေလှမ်းအဖြစ် တေးသီချင်း အပုဒ် ၃၀ ခန့်အား The Kannel Music Production သို့ သွားရောက်ကာ ပူးပေါင်း ဖန်တီးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာအနုပညာရှင်များ အနေဖြင့် တေးရေး မြင့်မိုးအောင်၊ တေးရေး ရွှေဂျော်ဂျော်၊ အဆိုတော် ကျားပေါက်၊ Ar-T ၊ ဖြူဖြူကျော်သိန်း၊ ရေဗက္ကဝင်း၊ Leo နှင့် ကေကေမိုးတို့ ပါဝင်သည့် Electric Heart အဖွဲ့တို့ လိုက်ပါ အသံသွင်း ယူခဲ့ကြောင်း သိရသည်။ အချိန်မအားလပ်၍ ကျန်ရှိခဲ့ သူများလည်းရှိကာ ချမ်းချမ်း၊ နီနီခင်ဇော်နှင့် အိုင်ရင်းဇင်မာမြင့် တို့ဖြစ်ကြောင်း သိရသည်။
“Forever Music အနေနဲ့ နိုင်ငံတကာ ဈေးကွက်မှာ မြန်မာဂီတကို ဖြန့်ချိလိုတဲ့ စိတ်ကူးရှိပါတယ်။ ဒီအတွက် လေ့လာတဲ့ အခါမှာ ဆွီဒင်နိုင်ငံက ဂီတ ဖန်တီးမှုတွေက ကမ္ဘာ့ ထိပ်တန်းထဲမှာ ပါဝင်နေတာကို သတိပြုမိပါတယ်။ ဒါကြောင့် ဆွီဒင်နိုင်ငံက Kannel Music Production နဲ့ ချိတ်ဆက်ဖို့ စီစဉ်ခဲ့တာပါ။ Kannel Music က ကမ္ဘာတစ်ဝန်းက ဂီတ အနုပညာရှင်တွေ အတွက် ဂီတဖန်တီးမှုတွေ ပြုလုပ်ပေးနေပြီး သူတို့ ဖန်တီးထားတဲ့ တေးသီချင်း အပုဒ် ၁၀၀ ကျော်က ကမ္ဘာ့ ထိပ်တန်းထဲမှာ ပါဝင်နေပါတယ်။ အာရှမှာဆိုရင် Girls Generation တို့၊ BOA တို့ရဲ့သီချင်းတွေကို ဖန်တီးပေးထားတာပါ။ ဒါကြောင့် Kannel Music ကိုမေလမှာ သွားရောက် ညှိနှိုင်းခဲ့ပါတယ်။ တကယ်တမ်း သွားဖြစ်တာကတော့ အောက်တိုဘာလမှာပါ။ သီချင်းအပုဒ် ၃၀ လောက်ကို အကြမ်း သွင်းနိုင်ခဲ့ပါတယ်။ ဒီလို ဖန်တီးရာမှာလည်း ပူးပေါင်း ဖန်တီးကြတာပါ။ ဥပမာအားဖြင့် ကျွန်တော်က သံစဉ်ရှာ၊ ဟိုက တေးရေးသူက အင်္ဂလိပ်ဘာသာနဲ့ စာသားရေး၊ ကျွန်တော်က မြန်မာဘာသာ ပြန်ဆို စသဖြင့် ပူးပေါင်း ဖန်တီးကြတာပါ။ ၂၀၁၆ ထဲမှာ ဖြန့်ချိနိုင်ဖို့ ကြိုးစားမှာပါ” ဟု တေးရေး မြင့်မိုးအောင်က ရှင်းပြသည်။

Most Read

Most Recent