Miss Universe အလှမယ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်လျက် ရှိသည့် အလှမယ် မေဘရဏီသော် ၏ National Costume အဖြစ် ကယန်း တိုင်းရင်းသူများ၏ ရိုးရာဝတ်စုံဖြင့် ယှဉ်ပြိုင်မည်

Miss Universe အလှမယ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်လျက် ရှိသည့် အလှမယ် မေဘရဏီသော် ၏ National Costume အဖြစ် ကယန်း တိုင်းရင်းသူများ၏ ရိုးရာဝတ်စုံဖြင့် ယှဉ်ပြိုင်မည်
Published 7 December 2015
လင်းလင်းခိုင်

Miss Universe အလှမယ် ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်လျက ်ရှိသည့် မြန်မာအလှမယ် မေဘရဏီသော် သည် National Costume အဖြစ် ကယန်း တိုင်းရင်းသူများ၏ ရိုးရာဝတ်စုံကို ဝတ်ဆင် ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။ အဆိုပါဝတ်စုံကို Sweet & Smart Fashion Collection မှ ဖန်တီးပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
“ဘရဏီရဲ့ National Costume ကို ကယန်း တိုင်းရင်းသူတွေရဲ့ ရိုးရာဝတ်စုံကို ဖန်တီး ချုပ်လုပ်ပေးထား ပါတယ်။ အဓိက ကတော့ မြန်မာ တိုင်းရင်းသားတွေ ထဲက ကယန်း တိုင်းရင်းသားတွေရဲ့ ရိုးရာဝတ်စုံကို ကမ္ဘာက သိအောင် ဖန်တီးပေးထားတာပါ။ ဘရဏီလည်း ဒီဝတ်စုံလေးကို အရမ်းသဘောကျပါတယ်။ ဒီဝတ်စုံလေးကို ဝတ်ဆင်ပြီး ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမှာပါ။ ပရိသတ်တွေကိုလည်း အားပေးကြ စေချင်ပါတယ်။ လေ့ကျင့် ပြင်ဆင်ထားသမျှတွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာ ပါလို့ ပြောပြချင်ပါတယ်”ဟု အလှမယ် မေဘရဏီသော်က ရှင်းပြသည်။
အလှမယ ်မေဘရဏီသော် ဝတ်ဆင်မည့် National Costume  ဝတ်စုံဖြစ်သည့် ကယန်း တိုင်းရင်းသား တို့၏ ရိုးရာဝတ်စုံ၏ ပါဝင်ပစ္စည်းများ အဖြစ် ကြေးထည်၊ ကျောက်စိမ်းများ ပါဝင်ပြီး ရွှေအစစ်ချထားသည့် ဘင်ဂျို၊ ရွှေစီးကွင့်များဖြင့် ဆင်ယင် ထုံးဖွဲ့ထားသည့် ဆံထုံးနှင့် ဆံပင်များဖြင့် အသေးစိတ် ဆင်ယင်သွားမည် ဖြစ်ကြောင်း သိရသည်။ ဆံထိုးတွင် ပန်ဆင်ရန် ကျောက်စိမ်းနှင့် မဟူရာတို့ကို တွဲဖက် တီထွင်ပေးထား ကြောင်း သိရသည်။

Most Read

Most Recent