မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေအထားအရ ၂၀၂၀ ပြည့်နှစ် အရောက်တွင် မဂ္ဂါဝပ် ၄၀၈၀ အထိ ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပြီး နှစ်စဉ် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၂ ဘီလျံမှ ၁ ဒသမ ၇ ဘီလျံ အထိလိုအပ်နိုင်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင်ထုတ်ပြန်သည့် ADB ၏ ‘Power Sector Development in Myanmar’ စာတမ်းအရ သိရသည်။
ယခုကဲ့သို့ ၂၀၂၀ ပြည့်နှစ်အရောက်တွင် ဖြစ်ပေါ်လာနိုင်သည့် လိုအပ်ချက်မှာ ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုဆိုင်ရာ အခြေခံ အဆောက်အအုံများကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကိန်းဂဏန်းများကို အခြေခံပြီး တွက်ချက်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ်အရောက်တွင် မဂ္ဂါဝပ် ၃၂၃၀ နှင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် မဂ္ဂါဝပ် ၁၃၂၆၀ အထိ အနည်းဆုံး လိုအပ်လာမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်အရောက်တွင် လူတိုင်းလျှပ်စစ်ရရှိရေး ရည်မှန်းချက်အတွက် ကမ္ဘာ့ဘဏ်က အကူအညီပေးနေကြောင်း၊၂၀၁၃ ခုနှစ်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဖြန့်ဖြူးမှုနှင့် စွမ်းအင်စီမံကိန်း များနှင့်ပတ်သက်၍ မဟာဗျူဟာမြောက်တွက် ချက်မှုများကို ADB နှင့် JICA ကဲ့သို့ အဖွဲ့အစည်းများက အကူအညီဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် ၂၀၃၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုင်း တပ်ဆင်မည့် အခြေအနေကို ရေးဆွဲထားပြီး ယင်း National Electrification Planအရ ၂၀၃၀ ပြည့်နှစ် အရောက်တွင် လူတိုင်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်း တပ်ဆင်မှု နှစ်ဆတိုး မြှင့်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယင်းမှာ နောက်ထပ် အိမ်ထောင်စုပေါင်း ၇ ဒသမ ၂ မီလျံ လျှပ်စစ်ဓာတ်အား ပေးရန်ဖြစ်ရာ တစ်နှစ်လျှင် ဓာတ်အားလိုင်းသစ် ၄၅၀၀၀၀ ကျော်ကို တပ်ဆင်ပေးရမည်ဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်မှု မပါဝင်လျှင်ပင် အမေရိကန် ၅ ဒသမ ၈ ဘီလျံအထိ ကုန်ကျနိုင်ပြီး National Grid အပြင် Mini Grid နှင့် Off Grid စသည့် ဓာတ်အားလိုင်း ပြင်ပစီမံကိန်းနှင့် ဝေးလံခေါင်သီ နေရာများတွင် နေရောင်ခြည်စွမ်းအင် အသုံးပြု လျှပ်စစ်သုံးစွဲမှု နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်မှသာ ဖြစ်နိုင်မည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး တိုးတက်မှုနှုန်း အနည်းဆုံးဖြင့် တွက်ချက်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် အစားထိုး လှဲလှယ်မှုလုပ် နှစ်စဉ် ဒေါ်လာ သုည ဒသမ ၉ ဘီလျံမှ ၁ ဒသမ ၃ ဘီလျံဖိုးသုံးစွဲရန် လိုအပ်မည်ဖြစ်ပြီး စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားသည့်နှုန်းဖြင့် ခန့်မှန်းတွက်ချက်ပါက လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မဂ္ဂါဝပ် ၁၇၅၁၀ အထိရှိမည်ဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံမှ ၁ ဒသမ ၇ ဘီလျံအထိ ရင်းနှီးမြှုပ်နှံသွားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စွမ်းအင်ဆိုင်ရာ မူဝါဒများမှာ အငြင်းပွားဖွယ်ရာများအဖြစ် ဆက်လက်ကျန်ရှိနေကြောင်း၊ ပြည်တွင်းတွင် လူအများစု လျှပ်စစ် မရရှိသေးချိန်တွင် စွမ်းအင်ကို ပြည်ပသို့တင်ပို့နေကြောင်း၊ လျှပ်စစ်ကဏ္ဍ အနေဖြင့်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မဂ္ဂါဝပ် ၆၀၀ ထွက်ရှိသည့် ရွှေလီ-၁ ရေအား လျှပ်စစ်နှင့် ဒါးပိန်ရေအားလျှပ်စစ်မှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် ဓာတ်အားလိုင်းများ တည်ဆောက်ပြီး ဖြစ်ကြောင်း၊ အစိုးရ တာဝန်ရှိသူများက တိကျသည့် ပြောဆိုမှုမရှိသော်လည်း မဲခေါင်ဒေသအတွင်း နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ကွန်ရက်ချိန်ဆက်မည့် အစီအစဉ်များအရ မြန်မာနိုင်ငံမှ တရုတ်သို့ နယ်စပ်ဖြတ်ကျော် စွမ်းအင်တင်ပို့ ရောင်းချမှုမှာ ၁၀၀ ထရီလျံဝပ် နာရီအထိ ရှိလာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုအနေအထားအရ ၂၀၂၀ ပြည့်နှစ်အရောက်တွင် မဂ္ဂါဝပ် ၄၀၈၀ အထိ ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပြီး နှစ်စဉ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၂ ဘီလျံမှ ၁ ဒသမ ၇ ဘီလျံအထိ လိုအပ်နိုင်ကြောင်း သိရ















