Facebook Profile ပုံများကို နိုင်ငံရေး ပါတီများ၏ ရေစာပုံအုပ်၍ အသုံးပြုမှုတွင် NLD ပါတီမှာ စုစုပေါင်း အသုံးပြုမှု၏ ၉၃ ဒသမ ၂ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်နေကြောင်း အသုံးပြုသူ တစ်သိန်းခွဲအား အခြေခံကာ ကောက်ယူခဲ့သော စစ်တမ်းအရ သိရသည်။ အဆိုပါ စစ်တမ်းအား အောက်တိုဘာ ၂၂ ရက်မှ ၃၀ ရက် အထိ အသုံးပြုမှုကို ကောက်ခံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းစစ်တမ်းမှာ ရက်သတ္တပတ် အတွင်း Cha Party ဝက်ဘ်ဆိုက်ကို ဝင်ရောက် အသုံးပြုသူ တစ်သိန်းခွဲခန့်၏ အသုံးပြုမှု မှတ်တမ်းအပေါ် အခြေခံကာ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး Facebook အကောင့်များအပေါ် အခြေခံထားကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမှတ်တံဆိပ် သုံးစွဲမှုမှာ ၁၃၀၈၃၅ ခုရှိခဲ့ပြီး စုစုပေါင်းသုံးစွဲမှု၏ ၉၃ ဒသမ ၂ ရာ ခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှာ ၄၀၀၆ ခုရှိပြီး ၂ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
အခြားပါတီများတွင် ရခိုင်အမျိုးသား ပါတီ (ANP) မှာ ၂၆၅၃ ခုဖြင့် ၁ ဒသမ ၉ ရာ ခိုင်နှုန်း ရှိကြောင်း သိရသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှာ ၇၆၉ ခုရှိပြီး ၀ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) (DP) မှာ ၄၆၉ ခုရှိကာ ၀ ဒသမ ၃ ရာ ခိုင်နှုန်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှာ ၄၄၁ ခုဖြင့် ၀ ဒသမ ၃ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) မှာ ၃၉၉ ခုဖြင့် ၀ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှာ ၂၃၄ ခုဖြင့် ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။
ယင်းဆော့ဖ်ဝဲမှာ နိုင်ငံရေး ပါတီ ၉၁ ပါတီ အနက် ၁၂ ပါတီ၏ အလံများကို ရေစာပုံ အုပ်သည့် အသွင် ပြောင်းလဲပေးခြင်း၊ မဲပေးသည့် အမှတ်တံဆိပ်ကို Profile ပုံအတွင်း ထည့်သွင်းပေးခြင်း အဖြစ် ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်ကာ Facebook အသုံးပြုသူများ အကြားတွင် မိမိအားပေးသည့် ပါတီများအပေါ်လိုက်၍ အသုံးပြုခဲ့ကြကြောင်း သိရသည်။
ကနဦးတွင် ယင်းဆော့ဖ်ဝဲကို အသုံးပြုပါက မိမိအကောင့်၏ လုံခြုံရေးကို ထိခိုက်နိုင်သည်ဟူသော စိုးရိမ်မှုများရှိခဲ့ပြီး ကျွမ်းကျင်သူများက အန္တရာယ်မရှိကြောင်း အတည်ပြုသဖြင့် စိတ်ချလက်ချ သုံးစွဲခဲ့ကြကြောင်း သိရသည်။ ယင်းပြုလုပ်မှုများကို အခြေခံ၍ ယခု စစ်တမ်းကို သိရှိခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် NLD ပါတီကိုသာ စိတ်ဝင်စားမှုနှင့် ထောက်ခံမှု မြင့်တက်နေပြီး အခြားပါတီများအပေါ် စိတ်ဝင်စားမှု နည်းပါးနေကြောင်း အဆိုပါ စစ်တမ်းအရ သိရှိသည်။
Facebook Profile ပုံများကို နိုင်ငံရေးပါတီများ၏ ရေစာပုံ အသုံးပြုမှုတွင် NLD ပါတီမှာ ၉၃ ဒသမ ၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကာ ဦးဆောင်















