ပုဂံခေတ် ကြေးကြာဖူးကို နေပြည်တော်ရှိ အမျိုးသားပြတိုက် vault အခန်းတွင် ထိန်းသိမ်းထား

ပုဂံခေတ် ကြေးကြာဖူးကို နေပြည်တော်ရှိ အမျိုးသားပြတိုက် vault အခန်းတွင် ထိန်းသိမ်းထား
Published 31 May 2026

ပုဂံခေတ် ကြေးကြာဖူးကို နေပြည်တော်ရှိ အမျိုးသားပြတိုက် vault အခန်းတွင် ထိန်းသိမ်းထားရှိကြောင်း အမျိုးသားပြတိုက်(နေပြည်တော်) က ထုတ်ပြန်သည်။

ပုဂံရှေးဟောင်းသုတေသနရှိ ကြေးကြာဖူးကို နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းအပေါ် လူမှုကွန်ရက်တွင် ပြောဆိုမှုများရှိလာပြီးနောက် ထုတ်ဖော်ပြသလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပုဂံခေတ် ကြေးကြာဖူး နှစ်ခုရှိပြီး အကြီးတစ်ခုကို အမျိုးသားပြတိုက်(ရန်ကုန်) တွင် ထားရှိပြီး အသေးတစ်ခုကို ပုဂံရှိ ရှေးဟောင်းသုတေသနပြတိုက်တွင် ထိန်းသိမ်းထားခဲ့သည်။

ယင်းနောက် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ထားရှိသည့် ကြေးကြာဖူးအသေးကို နေပြည်တော် အမျိုးသားပြတိုက်သို့ ၂၀၂၄ ခုနှစ်တွင် ပြောင်းရွှေ့ထားရှိကြောင်း၊ လက်ရှိတွင် နေပြည်တော်အမျိုးသား ပြတိုက်ရှိ vault အခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

၁၉၅၅ ခုနှစ်တွင် ပုဂံမြို့ ဥပါလိသိမ် အနီးရှိ ဂူဘုရားမှ ပုဂံခေတ်လက်ရာ ကြေးကြာဖူး အကြီးတစ်ဆူ နှင့်အသေးတစ်ဆူတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent