လေးဖြူနှင့် အငဲ နှစ်ယောက်တွဲပြီး Live 90 တေးဂီတပွဲ ဖျော်ဖြေမည်

လေးဖြူနှင့် အငဲ နှစ်ယောက်တွဲပြီး Live 90 တေးဂီတပွဲ ဖျော်ဖြေမည်
Published 20 October 2015

Live 90 တစ်ကျော့ပြန်ဖျော်ဖြေတင်ဆက်မှုတွင် အဆိုတော်လေးဖြူနှင့်အငဲတို့၏ ဖျော်ဖြေတင်ဆက်မှုကို နိုဝင်ဘာ ၁၃ ရက်တွင်ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။အဆိုပါဖျော်ဖြေပွဲကို ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်မည်ဖြစ်ပြီး မိနစ် ၉၀ အတိသာ သီဆိုဖျော်ဖြေရန် စီစဉ်ထားခြင်း ဖြစ်သည်။ Live 90 ဖျော်ဖြေမှုအစီအစဉ်ကို Iron Class တီးဝိုင်းနှင့် Family Entertainment တို့က စီစဉ်ခြင်းဖြစ်ပြီး ပထမအကျော့တင်ဆက်မှုတွင် တစ်ဦးချင်း မိနစ် ၉၀ ဖျော်ဖြေမှုများအား တင်ဆက်ခဲ့သည်။"အခုတစ်ခေါက်ဖျော်ဖြေမှုမှာတော့ ကိုလေးဖြူနဲ့ကိုအငဲက မိနစ် ၉၀ ဖျော်ဖြေသွားမှာပါ။ ပထမအကျော့ တစ်ဦးချင်းဖျော်ဖြေမှုတွေ တင်ဆက်ပြီးပြီဆိုတော့ အခုတစ်ခေါက်ကိုတော့ မတူကွဲပြားတဲ့ပုံစံတွေနဲ့ တင် ဆက်သွားဖို့စီစဉ်ထားတာပါ။ လက်မှတ်ဈေး နှုန်းတွေကိုတော့ အောက်တိုဘာ ၂၀ နောက်ပိုင်းမှာ ကြေညာသွားပါမယ်။ သီချင်းရွေးချယ်မှု၊ သီဆိုတဲ့ပုံစံကအစ အားလုံးသေချာပြင်ဆင်သွားမှာပါ။ ရုပ်သံကနေလည်း တိုက် ရိုက်ထုတ်လွှင့်မှာဖြစ်တဲ့အတွက် ပထမတစ်ကျော့နဲ့ ရသကွဲပြားအောင် အားလုံးဝိုင်းပြီး တိုင်ပင်နေကြပါတယ်" ဟု Family Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။Live 90 ဖျော်ဖြေပွဲများကို မေလမှစတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေလတွင် အဆိုတော်လေးဖြူ၊ ဇွန်လတွင် အဆိုတော်အငဲ၊ ဇူလိုင်လတွင်အဆိုတော်မျိုးကြီးတို့ ဖျော်ဖြေခဲ့ပြီးနောက် သြဂုတ်လတွင် အဆိုတော်ဝိုင် ဝိုင်းက ဖျော်ဖြေရန်စီစဉ်ထားသော်လည်း ရေကြီးရေလျှံ မှုများဖြစ်ပွားခဲ့သဖြင့် အောက်တိုဘာလဆန်းမှသာ ပြုလုပ်ခဲ့သည်။

Most Read

Most Recent