အမေရိကန် ရက်ပ်အဆိုတော် Sean Kingston မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာဒေသများကို နောက်ခံထားကာ တေးသီချင်း အသစ်တစ်ပုဒ် ရိုက်ကူးခဲ့

အမေရိကန် ရက်ပ်အဆိုတော် Sean Kingston မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာဒေသများကို နောက်ခံထားကာ တေးသီချင်း အသစ်တစ်ပုဒ် ရိုက်ကူးခဲ့
Published 10 October 2015
လင်းလင်းခိုင်

အမေရိကန်ရက်ပ်အဆိုတော Sean Kingston သည် မြန်မာနိုင်ငံ ဖျော်ဖြေရေး ခရီးစဉ်တွင်  ရန်ကုန်မြို့ရှိ အထင်ကရ နေရာများကို နောက်ခံထားကာ တေးသီချင်း အသစ်တစ်ပုဒ် ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တေးသီချင်းကို You Tube မှ တစ်ဆင့် လွှင့်တင်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ Sean Kingston သည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂  ရက်တွင် ရောက်ရှိလာခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့ မိုင်ဒါကွင်း၏ ဖျော်ဖြေ ခဲ့ခြင်းဖြစ်ကာ ယင်း ဖျော်ဖြေပွဲတွင် Sammie ၊ မြန်မာအနုပညာရှင် စန္ဒီမြင့်လွင်နှင့် အမွန်းတို့ ပါဝင် ဖျော်ဖြေ ခဲ့ခြင်းဖြစ်သည်။
“Sean Kingston က ဒီဖျော်ဖြေပွဲကို လက်ခံတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ မြန်မာနိုင်ငံကို စိတ်ပါဝင်စားတာကြောင့်လည်း ပါပါတယ်။ မြန်မာနိုင်ငံကို ရောက်ဖူးပြီး မြန်မာ ရေဘေးသင့် ဒေသတွေအတွက် တတ်နိုင်သလောက် လှူဒါန်းနိုင်မှာ ဖြစ်တဲ့အတွက် လက်ခံခဲ့တာပါ။ ဒါကြောင့် မြန်မာ နိုင်ငံကို ရောက်ရှိနေတုန်းမှာ သူ့ရဲ့သီချင်း အသစ်ကို မြန်မာနိုင်ငံရဲ့လှပတဲ့ ရှုခင်းတွေ နောက်ခံထားပြီး ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ရိုက်ပြီးတာနဲ့ တစ်လလောက် အတွင်းမှာပဲ You Tube က တစ်ဆင့် လွှင့်တင် သွားမယ်လို့ဆိုပါတယ်။ ကမ္ဘာမှာ လူသိများတဲ့ အဆိုတော် တစ်ယောက်ရဲ့ သီချင်းကို မြန်မာနိုင်ငံက လှပသာယာမှုတွေ တွဲဖက် ရိုက်ကူးပြီး ထုတ်လွှင့်မယ်ဆိုတော့ ခရီးသွားတွေ အတွက်လည်း ဆွဲဆောင်မှုတစ်ခု ဖြစ်လာမှာပါ” ဟု Living Sound Entertainment မှ ကိုဂျော်မရမ်က ရှင်းပြသည်။
အမေရိကန် အဆိုတော Sean Kingston မှာ အသက် ၂၅ နှစ် ရှိပြီဖြစ်ကာ ၂၀၀၇ ခုနှစ်တွင် ဂီတလောကသို့ စတင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ Sean Kingston ၏ ‘Beautiful Grils’တေးသီချင်းမှာ ထင်ရှားသည့် တေးသီချင်း တစ်ပုဒ်ဖြစ်ကာ လက်ရှိ အောင်မြင်လျက် ရှိသော Nicki Minaj နှင့် တွဲဖက်၍ တေးသီချင်းများ သီဆိုခဲ့သူ တစ်ဦး ဖြစ်သည်။ Sean Kingston မှာ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent